Part (39)

4.1K 106 1
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (39)

အိမ်ကို တန်းပြန်လာပြီး..

" အမေ.. အမေ့ အမေ "

ကားပေါ်ကဆင်းတာနဲ့ အမေ့ကို အသံတဆာဆာ အော်ခေါ်မိသည်.. ။

" အေမ့ "

ကျွန်တော့်ခေါ်သံကြောင့် အမေက သူ့အခန်းထဲ လောကြီးသုံးဆယ် ထွက်လာသလို..

အစ်မအေးငြိမ်းကလည်း နောက်ဖေးကနေ ခပ်သွက်သွက် ထွက်လာသည် ။

အပေါ်ထပ်က ဖြူ လည်း မြန်မြန်လေး ပြေးဆင်းလာတာ.. ။

" သား.. ဘာဖြစ်လို့လဲ "

ကျွန်တော် အမေ့လက်ကို ဆွဲကာ ခုံတွေဆီခေါ်သွားလိုက်သည်.. ။

အမေကလည်း ကြောင်နနလေးနဲ့ထိုင်ရှာပါတယ်..။

" သား ဘာဖြစ်လို့လဲ အလန့်တကြားနဲ့.. "

" သွန်း .. သွန်းမှာ ကျွန်တော့်သားလေး ရှိတယ်တဲ့ "

အမေ လန့်မှာစိုးလို့ တစ်ခွန်းချင်းစီ အသာပြောပြပေမယ့် တုန့်ပြန်မှုတွေငြိမ်သက်နေတာက သံသယ ဖြစ်စရာကောင်းလှသည်.. ။

" ဘာလဲ.. ဒီအနေထားက "

အမေ့ကိုလည်း ကြည့်ရင်း အစ်မကိုပါ ကြည့်တော့ နည်းနည်းလေးတောင်မအံ့ဩကြ..။

ဒီတိုင်း တစ်ယောက်ကိုတစ်ယောက် အပြန်ပြန် ကြည့်နေကြတာ.. ။

မဟုတ်မှ..

" သိနေကြတာလား.. "

" သား အမေတို့ကလေ.. "

သေချာနေပြီပေါ့လေ.. ။

" ဘယ်ကတည်းက သိနေတာလဲ.. "

သိချင်တာသာ အေးစက်စက်နဲ့ ဖြတ်မေးလိုက်သည်..။

" ဟိန်းခ.. ငါ ရှင်းပြ "

" ဘယ်ကတည်းက သိနေတာလဲလို့.. "

အမေတွေ အစ်မတွေ နောက်ထား..။

ဒီချိန်မှာတော့ ကျွန်တော် အော်မိသည် ။

ငရဲတွေ လေးစားရိုသေမှုတွေ ဒီချိန်ခဏမေ့ထားပစ်လိုက်သည်..။

" သွန်း ကိုယ်ဝန်ဆောင်ကတည်းက သား.."

" ............ "

သွန်းလျှံ မြစ်သွယ် (Unicode) Donde viven las historias. Descúbrelo ahora