Part (9)

2.2K 85 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (9)

မိုး ဒီနေ့တော့ တော်တော် ပင်ပန်းသွားလို့ အိမ်ရောက်တာနဲ့ ဟန်တောင်မဆောင်နိုင်.. ကုတင်ပေါ်လှဲအိပ်ချလိုက်သည် ။

တစ်ရက်တစ်လေ လေးတော့ နားချင်မိသား..

ကလေး ဝေယျာဝေစ္စတွေလုပ်ဖို့ တခြားသူတွေကိုလည်း ခေါ်မခိုင်းနိုင်.. မိုးလက်မိုးခြေပဲစိတ်ချတယ် ။

အဖေကတစ်ခါတလေတော့ပြောသား.. အိမ်ထောင်ထပ်ပြုပါလားတဲ့ ။

မိုး ပင်ပန်းနေတာတွေမကြည့်ရက်တော့ လို့ပါတဲ့လေ.. ။

မိုးကတော့ ထပ်ပြီးအိမ်ထောင်မပြုချင်နေပါ.. သားအတွက် ပထွေးမှမလိုဘဲ ။

ပထွေးက ကောင်းတဲ့ပထွေးဆို တော်ရဲ့.. မကောင်းတဲ့ပထွေးဆို ဘယ့်နှယ့်လုပ်မလဲ ။

မိုးလည်းမိထွေးနဲ့အတူနေရတာမို့ ဘယ်လိုခံစားချက်တွေ ရင်ထဲကိန်းအောင်းနေရပါသလဲ..

သားကိုမိုးလိုမခံစားစေချင်ပါဘူး.. ။

" ဒေါက် ဒေါက်.. မမ "

ချစ်စု က အခန်းတံခါးလာခေါက်နေသည်.. ။

" ဒီနေ့တော့ ချစ်စုတစ်ယောက်ထဲ ထမင်းပွဲ ပြင်ပေးလိုက်တော့နော်.. မမအိပ်ချင်နေလို့ "

တံခါးသွားဖွင့်ပေးမနေတော့ဘဲ ကုတင်ကနေသာ လှမ်းအသံပြုလိုက်သည်.. ။

" မဟုတ်ဘူး မမ.. မမကို မနွယ် ခေါ်နေလို့ "

" ဟင်.. မနွယ်ကလား "

" ဟုတ်.. ဦးလေးလည်း မမကို စောင့်နေတယ်"

အေဖေရာတဲ့.. ။

ဘာကိစ္စများရှိလို့ပါလိမ့်..

" ဟုတ်ပြီ.. မမ အဝတ်လဲပြီး ဆင်းလာခဲ့မယ်လို့ ပြောပေးအုံးနော် "

" ဟုတ် မမ.. "

အိမ်နေရင်းအဝတ်ကို လဲပြီး အောက်ဆင်းသွားလိုက်သည်.. ။

ဧည့်ခန်းမှာ အဖေနဲ့မနွယ်..

မိုး အဖေတို့နားသွားထိုင်လိုက်သည်.. ။

အဖေကတော့ မိုးကို ငေးစိုက်ကြည့်နေပေမယ့် မနွယ်ကတော့..

" မိုး.. NH သူဋ္ဌေး ဘယ်သူလဲ သိတယ်မလား"

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now