သွန်းလျှံ မြစ်သွယ်
🌸pann
Final part...
" အလယ်ဘက် နည်းနည်းတိုးလိုက်အုံး.. ဟုတ်တယ် အိုး များသွားပြီ.. နည်းနည်းထပ်နိမ့်အုံး.. ဒီဘက်ကစောင်းနေတယ် မြင့်လိုက်အုံး..ဟုတ်တယ် ရပြီ ရပြီ အဲ့အတိုင်းပဲ..အိုခေ"
နှစ်ဆိုင်တွဲအတွက် ဆိုင်းဘုတ်ကို အလယ်ပြန်ပြောင်းချိတ်နေတာ..။
ဝယ်ပြီး စိတ်တွေရှုပ်အလုပ်တွေရှုပ်နေတာကြောင့် သွန်းရဲ့ဆိုင်ကိုလက်စမသတ်ဖြစ်သေးတာ..။
ခုမှပဲ အပြီးသတ်နိုင်တော့တယ်..။
ဆိုင်ထဲဝင်တော့ အလယ်က ဖြိုချတာ လက်စမသတ်ထားတဲ့ နံရံ..။
အောက်ပိုင်းကို သေချာဖြိုချထားပြီး အပေါ်ပိုင်းကိုတော့ဖြိုလက်စဒီဇိုင်းနဲ့ပဲ ထားထားလိုက်သည်..။
ဒါလည်းမောင်ပေးတဲ့အကြံသာ..
" အဲ့ဒါ ဆက်ဖြိုချမနေနဲ့တော့.. အပေါ်မှာ ချုပ် ထည့်ထားလို့ခိုင်လောက်ပေမယ့် စိတ်မချရသေးဘူး.. အဲ့ဒါကိုပဲပန်းရံသမားခေါ်ပြီး နည်းနည်းအနားသတ်လိုက်..အဲ့အကျိုးပုံစံဒီဇိုင်းကိုမှ အချောပြန်သတ်လိုက်ပေါ့ဗျာ ပြီးရင် ဆိုင်နဲ့လိုက်မယ့်အရောင်ခြယ်လိုက်.. တစ်ဆိုင်လုံး အဖြူ ရောင်ခြယ်လိုက်လည်းမဆိုးပါဘူး.. ရိုမက်တစ်တောင်ဆန်အုံးမယ်.. ပန်းတွေကလည်းရောင်စုံဆိုတော့ နောက်ခံအဖြူ ရောင်သုံးတော့ လှတောင်လှအုံးမယ်.. အရင်ကလည်းလာဝယ်သူရှိတယ်ထားအုံး ခုကအဲ့လို decoration ပြင်လိုက်ပြီးပိုဆွဲဆောင်ပေါ့.. အရင်ကသာ decoration သိပ်အရေးမပါတာနော်.. ခုကျ location နည်းနည်းလေးနဲ့တောင် decoration ကောင်းကောင်း ချတတ်ရင် ဆိုင်လာသူများနေပြီ.. ဆွဲဆောင်နည်းတစ်မျိုးပေါ့ဗျာ "
သားတွေကို ကျောင်းကသွားကြိုလာပြီး ဆိုင်ထဲရောက်လာကာ အကြံပေးသွားတာ..။
မောင်ပြောသလို လုပ်ကြည့်တော့လည်း မဆိုးပါဘူး..။
ဆိုင်လေးက အရင်ထက် ပိုသစ်လွင်ပြီး ပိုချစ်ဖို့ကောင်းနေတာလေ..။
ခုလိုကျ အားကိုးရတဲ့မောင့်ကိုတော့ ချီးကျူ းမိသား..။
အရင်ကထက် ဆိုင်ကိုလာသူများသလို.. ဆိုင်တွင်းဆိုင်ပြင်မှာ ဓာတ်ပုံတွေရိုက်ပြီး social ပေါ်တင်ကြတော့.. ပိုနာမည်ရနေတာ ။
KAMU SEDANG MEMBACA
သွန်းလျှံ မြစ်သွယ် (Unicode)
Romansa" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
