Part (13)

2K 72 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (13)

အံ့ဩစရာကောင်းအောင် မိုး မနက်မိုးလင်းချိန်ကတည်းက တငြိမ့်ငြိမ့်လေးနဲ့ရင်ခုန်နေသတဲ့..။

ညက သားတွေကိုမိုး အထပ်ထပ်တောင်းပန်ထားတာ.. ။

မနွယ်ကလည်း မိုးကိုဆူပါသေးရဲ့..

ပုံမှန်ဆိုမိုးနှလုံးသားက ထိန်းထိန်းသိမ်းသိမ်းနေသင့်ပေမယ့် အခုတော့ ပိုတောင်ရင်ခုန်စိတ်လှုပ်ရှားနေရတယ်လို့.. ။

အချစ်ကျောင်းသူလေး အချစ်ကြောင့် ကျောင်းစောစောသွားချင်သလိုမျိုး..

' မိုးတော့ အချစ်ကိုထပ်စူးစမ်းချင်နေပြန်ပြီ.. '

ရှစ်နှစ်လောက် တစ်ယောက်ထဲ အထီးကျန်ကျန်နေခဲ့ရလို့များ ခုလိုဖြစ်နေတာများလား.. ။

ဒါမှမဟုတ် မိုးထိန်းသိမ်းလာသမျှကသူ့ကြောင့်ထဲနဲ့များ အကုန်ဖျက်ဆီးပစ်နိုင်သွားတာများလား.. ။

တစ်ဖက်အသိစိတ်ကတော့ အရာရာဆက်ထိန်းသိမ်းပစ်ချင်ပေမယ့်..

သူနဲ့ပတ်သက်ရင် လိုက်ပါစီးမျောကြည်နူးပစ်ချင်တဲ့မသိစိတ်က သိစိတ်ကို ဖုံးလွှမ်းနေသတဲ့..။

ဒါကိုချစ်စုတောင် သတိထားမိရတဲ့ထိအဖြစ်လား..

" မမ... "

" ဟွန် "

မီးဖိုမှာ ချက်ပြုတ်နေတုန်း ချစ်စုက ခေါ်လို့ မိုးထူးလိုက်သည်.. ။

" မမမှာ ပျော်စရာရှိနေလို့လား.. "

" ဟင် "

ချစ်စုအမေးကြောင့် မိုး လုပ်လက်စလေးကိုရပ်ကာ လှည့်ကြည့်မိသည်.. ။

" မမ မျက်နှာက ကြည်လင်ပြီးရွှင်လန်းနေလို့.. အရင်နေ့တွေက မမဒီလိုပြုံးတာမမြင်ဖူးဘူး "

" ............ "

မိုးပါးကိုမိုး ယောင်ရမ်းပြီးထိမိရတဲ့အဖြစ်.. ။

မိုးကပြုံးမိနေသတဲ့လား..

" ဘာတွေပျော်စရာတွေ့နေလို့လဲ မမ.. "

" ဟင်.. "

မိုး ရင်ထဲကအရာကို ချစ်စု.. ချစ်စုက တွေ့နိုင်သတဲ့လား ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now