Part (44)

4K 84 0
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (44)

ကျွန်တော် မောနေပြီ..။

လိုက်ရှာရလို့ တွေ့ရရင်လည်း အမောပြေရအုံးမယ်..။

ခုတော့ ဘယ်လိုက်လိုက် မရှိဘူး.. မသိဘူးဆိုတာချည်း ။

ထပ်တစ်ကြိမ် သွန်းတို့အိမ်ကို ရောက်လာရပြန်သည်..။

" ဦးပြုံး.. "

" သား.. သွန်းလေးတို့ မရှိဘူးလေ "

" ကျွန်တော် သိပါတယ်.. အဖေ ပြန်ရောက်နေပြီလား "

" စောနလေးတင်မှ ပြန်ရောက်လာတယ်.. "

" ဟုတ် "

" သား "

အိမ်ထဲဝင်မို့ရှိသေး ဦးပြုံးခေါ်လို့ လှည့်ကြည့်ရသေးသည်.. ။

" ပင်ပန်းနေတယ်ထင်တယ်.. သား သူ့ကို "

" ကျွန်တော် သိပါတယ် ဦးပြုံး.. ကျွန်တော် ဘာမှမလုပ်ပါဘူး "

ဦးပြုံးကို အာမခံကာ အိမ်ထဲဝင်သွားလိုက်သည်..။

တကယ်ဆိုကိုယ်လည်း လာမရှုပ်ချင်ပါဘူး..။

ကိုယ်မရှုပ်လို့မဖြစ်တဲ့အခြေနေကြောင့်မို့သာ ဒီထိရောက်လာရတာ..။

ဟော.. ဒီနေ့အတော် စိတ်ပင်ပန်းသွားပုံရတယ်။

ဧည့်ခန်းက ခုံမှာ ခေါင်းလေးမှေးတင်ပြီး မျက်နှာမော့ကာ မျက်လုံးမှိတ်ထားနေတာ..။

အဝတ်စားတွေလည်း မလဲသေး..။

အေးလေ..ကိုယ်လည်း စိတ်ပင်ပန်းနေရတုန်းပါ..။

ခုထိ အိမ်မပြန်နိုင်သေး..။

" အဖေ.. "

အနားသွားထိုင်ကာ ခေါ်တော့ ခေါင်းလေးထောင်မတ်လာသည်..။

" ဘယ်ချိန်က ရောက်နေတာလဲ.. "

" ဒီနေ့ကိစ္စအတွက် ကျွန်တော် တောင်းပန်ပါတယ်.."

" ငါက ဒီချိန်မှာ အဆင်ပြေပါတယ် ရပါတယ် လို့မပြောနိုင်ဘူး.. "

" ဟုတ်ကဲ့ "

ဦးလေး ခံစားချက် ကို နားလည်နေတော့လည်း ကျွန်တော်ကဘာပြောနိုင်ရမှာလဲ.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now