သွန်းလျှံ မြစ်သွယ်
🌸pann
Part (25)
လေလံပွဲသာ လာတာ.. ကျွန်တော်တို့ရော DS ကရော လေလံမဆွဲ ။
ကျွန်တော်တို့က လေ့လာတဲ့သဘော.. ။
DS က လာပြီး အကဲခတ်ရုံတင်တဲ့.. ။
ပွဲပြီးတော့ နှုတ်ဆက်ပြီးပြန်လာကြတာ..
" သွန်းဆက်နဲ့ ဟိန်းခ ပထမဆုံး တွေ့ကြတာမလား.. "
ကိုအောင်အောင်က ကားမောင်းရင်း အမေးထုတ်လာသည်.. ။
" ဟုတ်ကဲ့.. "
" စီးပွားပြိုင်အချင်းချင်း ရဲ့သားသမီးတွေ ခုမှဆုံဖြစ်ကြတာပေါ့.. "
" အဟွင်း.. "
" DS နဲ့ အပြိုင်ဆိုင်ဖြစ်ပေမယ့် သံတစ်လမ်း ပြဒါးတစ်လမ်းထိတော့ မဆိုးပါဘူး.. ဒီစီးပွားနယ်ပယ်အတွင်းမှာတော့ ဆက်ဆံနေကြရတာပါပဲ.. တစ်ယောက်နဲ့တစ်ယောက် သူ့တက်လမ်း ကိုယ့်တက်လမ်းကြောင့်သာ ပြိုင်နေရတာ.. သွန်းဆက်နဲ့ဦးမြတ်သန့်က စကားပြောလို့ကောင်းတယ်.. ဟိတ်ဟန်မထားကြဘူး ဦးမြတ်သန့် က စီးပွားရှင်တစ်ယောက်မို့ သူ့မှာရှိသင့်သလောက်ဟိတ်ဟန်တော့ထားတာပေါ့ကွာ.. သွန်းဆက်ကျ အကုန်လုံးနဲ့လိုက်လျောညီထွေနေတတ်တယ် သူ့ကိုလူတိုင်းခင်တယ် စီးပွားကွက်ချင်းအတူတူမြင်ပြီး သွန်းဆက်ကခြေတစ်လှမ်းဦးသွားရင်တောင် ဘယ်သူမှစိတ်မဆိုးကြဘူး.. သွန်းဆက်ကလည်း သူဦးထားတဲ့အလုပ်ရှိရင် သူများကခြေတစ်လှမ်းဦးယူသွားရင်တောင် ပြုံးပြနိုင်သေးတာ.. ဘေးလူတွေလည်း ခင်ကြသလို သူ့ရုံးကလူတွေဆိုပိုခင်ကြတာပေါ့ကွာ "
လေလံပွဲမှာလည်း ကိုယ်ကြုံတွေ့မြင်ခဲ့တာပဲ.. ။
သူ့ကိုမိတ်ဆက်သူနဲ့ နေရာပေးတဲ့သူနဲ့..
" သူနဲ့ အင်ကြင်းနွယ်ရော အဆင်ပြေကြလား.."
သိချင်တာကို ထုတ်မေးချတော့ ကိုအောင်အောင်က ကျွန်တော့်ကိုလှည့်ကြည့်လာသည်.. ။
" သွန်းဆက်က ဆက်ဆံရေးကောင်းတော့ အဆင်ပြေမယ်ထင်တာပါပဲ.. ဒါပေမယ့်အတွင်းကျကျထိတော့ငါလည်းမပြောတတ်ဘူး ဒါနဲ့ အင်ကြင်းနွယ် ကို မေ့မရသေးဘူးလား "
KAMU SEDANG MEMBACA
သွန်းလျှံ မြစ်သွယ် (Unicode)
Romansa" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
