သွန်းလျှံ မြစ်သွယ်
🌸pann
Part (38)
အဲ့နေ့က ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် ပြန်မတွေ့ဖြစ်ကြသေး.. ။
ဒီနေ့ DS က ရှယ်ယာတွေ တစ်ဖက်လှည့်နဲ့ ကြိတ်ဝယ်ဖို့ ဆိုင်တစ်ဆိုင်ရောက်နေတာ.. ။
ကိုယ်မှန်းထားသလို အားလုံးအဆင်ပြေပြေနဲ့ ဝယ်နိုင်ခဲ့ပါတယ်.. ။
အားလုံးနဲ့နှုတ်ဆက်စကားဆိုပြီး ဆိုင်ကနေပြန်အထွက်မှာ..
" ဟင်.. အစ်ကိုလေး "
ကလေးနှစ်ယောက်ကို လက်ဆွဲခေါ်ရင်း လျှောက်လာတဲ့ချစ်စု.. ။
ချစ်စုကိုတွေ့ရင် သွန်းများပါလာမလားလို့ ရှာကြည့်မိသေးတယ်.. ။
" အစ်ကိုလေး ဘာရှာတာလဲ.. "
" နင့်မမရော.. "
" မမ မပါလာဘူး.. "
" အင်.. နောက်မှ သူ့ကိုလာတွေ့မယ်ပြောလိုက်"
ဟိုနေ့က လူကိုပါးရိုက်သွားတာက သူ.. ။
သူကပဲ ကိုယ့်ကိုပြန်ပုန်းရတယ်ရှိသေး.. ။
ချစ်စုကို လူကြုံစကားပါးပြီး ရှေ့ဆက်လျှောက်တော့..
" အစ်ကိုလေး.. "
ကျွန်တော် လှည့်ကြည့်လိုက်တော့ အနားကို ကလေးနှစ်ယောက်လက်ဆွဲပြီး ရောက်လာသည်.. ။
" ဒီနှစ်ယောက်ကို ခဏမုန့်ကျွေးပြီး စောင့်နေပေးပါလား.. ချစ်စု သွားစရာလေးရှိလို့ "
မျက်ခုံးတွေတွန့်ချိုးပြီး စိုက်ကြည့်လိုက်သည်..။
ကိုယ့်ကို ဘယ်သူ့ကလေးကို မုန့်ကျွေးပြီးစောင့်ခိုင်းနေတာလဲ.. ။
" သွားစရာရှိနေလည်း ဘာလို့ခေါ်လာသေးလဲ..ငါ မအား "
" ခဏပဲ.. ခဏပဲ ကြည့်ပေး ချစ်စု ပြန်လာမယ်"
" ဟာ ဟေ့ ချစ်စု.. "
အနားမှာ ကလေးနှစ်ယောက်လုံးထားသွားပြီး ပြေးသွားပြီ.. ။
တောက်.. ဒီချစ်စုမနဲ့တော့ ။
ဒီဘက်ကိုပြန်ငုံ့ကြည့်တော့ အငယ်ကောင်လေးကို ကိုယ့်ကိုတစိုက်မတ်မတ်ငေးမော့ကြည့်နေတာ..။
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
