သွန်းလျှံ မြစ်သွယ်
🌸pann
Part (24)
" ခိုင်.. နင် ငါ့အဒေါ်ကို အိမ်ပြန်ပို့ပေးလို့ရမလား"
" ရတော့ရပါတယ်.. နင်ကရော "
" ငါ ခဏဝင်စရာရှိလို့.. ငါ့အဒေါ်ကို ပြန်ပို့ပေးပါအုံးနော် "
" အွန်.. အေ အေးပါ ငါပြန်ပို့ပေးမယ် "
အေးငြိမ်း ခိုင့်ကိုတီးတိုးပြောပြီးတာနဲ့...
" အန်တီ ပြန်နှင့်လိုက်နော်.. ခိုင် လိုက်ပို့ပေးလိမ့်မယ် "
" ဟင်.. တစ်ခါထဲ မလိုက်ခဲ့ဘူးလား "
အန်တီကတော့ မြေးကိုမြင်တာနဲ့ဝမ်းနည်းဝမ်းသာငိုနေတာ.. ခု မျက်လုံးလည်းရဲ နှာခေါင်းထိပ်လေးလည်းရဲနေပြီ..။
" သမီး ဝင်စရာရှိသေးလို့.. အန်တီတို့ သွားနှင့်နော် "
" ဘယ်ဝင်စရာရှိသေးလို့လဲ.. "
" ဒီနားခဏပါ.. ခိုင်နဲ့အတူပြန်လိုက်နော် သမီးသိပ်မကြာပါဘူး သွားနှင့်နော်.. ခိုင်လိုက်ပို့ပေးပါအုံးနော် "
အေးငြိမ်း လောသုံးဆယ်မှာရင်း အန်တီတို့နားက ခပ်သွက်သွက်လေးထွက်လာလိုက်သည်..။
" ............... "
ဖြူ့ ဆီ တန်းတန်းလျှောက်လာတဲ့ မအေးငြိမ်းကြောင့် ပြန်လှည့်ပြန်ဖို့တွေးလိုက်မိပေမယ့်...
" သိချင်လို့လိုက်လာတာမလား.. "
ထွက်ပြေးချိန်မရလိုက်.. ။
" ဖြူ ... "
" ငါနဲ့လိုက်ခဲ့.. "
အေးငြိမ်းပဲ ရှေ့ကနေဦးဆောင်ပြီး စကားအေးဆေးပြောလို့ရမယ့် ဆိုင်ကိုခေါ်လာခဲ့လိုက်သည်..။
" အအေး နှစ်ခွက်ပဲ ပေးပါ.. "
စကားပြောမှာ ကြာမှာနဲ့မို့ အအေးမှာလိုက်သည်..။
" ဖြူ လိုက်လာတာ သိနေတာလား.. "
" ကျောင်းရှေ့ရောက်တော့ ကားထဲကမဆင်းခင် မှန်ထဲကနေတွေ့လိုက်တာ.. "
ဖြူ သိပြီဆိုတဲ့ပုံစံနဲ့နေလိုက်သည်.. ။
" ဒီမှာ.. "
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
