Part (19)

1.8K 68 2
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (19)

ထုံးစံအတိုင်း မနက်မိုးလင်းတာနဲ့ မိုး အလုပ်ရှုပ်နေရပြီ.. ။

ချစ်စုနဲ့မနက်စာပြင်နေတဲ့ချိန်..

" မိုးရေ.. "

စွဲငင်တဲ့အသံလေးနဲ့ မိုးအနားရောက်လာတဲ့မနွယ်..

" ဒီမှာ ရော့.. ဖိတ်စာ "

ကမ်းပေးလာတဲ့ ဖိတ်စာကို အသာလှမ်းယူရင်း..

" ဝင့်ဝါ.. "

" ဟုတ်ပါ့.. ဝင့်ဝါက ပွဲလေ "

ခုံမှာ အသာလေးဝင်ထိုင်လိုက်တဲ့ မနွယ်.. ။

ပြီး ကော်ဖီခွက်လေးထဲ ကော်ဖီငှဲ့ထည့်ကာ..

" မိုး သိတယ်မလား.. ဦးတင်ခိုင်ကို "

" မိုး သိပါတယ်.. "

" အွန်.. ဒီညနေ မိုးပဲ သွားလိုက်ပေါ့ မင်းဖြိုးကိုတောင် မနွယ် ခေါ်ထားပေးပြီးပြီ "

" ရှင်.. သူ့ကိုရော ခေါ်ထားတာလား "

" အင်းလေ.. မိုးနဲ့နှစ်ယောက်အတူ ပွဲတက်ရအောင် မနွယ် ခေါ်ထားပေးတာ ဘာဖြစ်လို့လဲ "

မိုးရဲ့ကိစ္စကို ဝင်ထိန်းဖို့ ကြိုးစားပြန်ပြီလား မနွယ်.. ။

ရင်ထဲမှာသိမ်းလိုက်ရင်း..

" မိုး သွားအား မအား မမေးထားတော့.. "

" ဘာမအားစရာရှိလို့လဲ မိုးရဲ့.. ရှိရင်လည်း ခဏနောက်ဆုတ်ပစ်ပေါ့ ဒါပေမယ့်ပွဲကလည်းညပွဲပါ အလုပ်လုပ်ချိန်မှမဟုတ်ဘဲ "

" မနွယ်ပဲ သွားလိုက်ပါလား.. "

မိုး လက်ထဲက ဖိတ်စာကို မနွယ်ဆီ ပြန်တိုးပေးပေမယ့်..

" ဖိတ်စာရကတည်းက မိုးကိုပဲ လွှတ်လိုက်မယ်တွေးထားတာ.. မိုးကဘာတွေအဆင်မပြေတာရှိနေလို့လဲ "

" သားတွေက..  "

" သားတွေကို မနွယ်နဲ့ ချစ်စု ကြည့်ထားပေးလည်း ရပါတယ် မိုးရယ်.. ဘာမှနောက်ဆံတင်းမနေနဲ့ တော်တော်ကြာမှ အပျိုဆိုဒ်သွင်းရတာပဲ မိုးနေရာမှာမနွယ်သာဆို ပျော်ပျော်ကြီးသွားနေပြီ "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now