Part (2)

5.5K 140 0
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (2)

လေဆိပ်မှာ လေယာဉ်ဆင်းသက်တာနဲ့ ကိုယ့်ခံစားချက်တွေက အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေသည်.. ။

ရင်ခုန်စိတ်လှုပ်ရှားရသလို ကိုယ့်ဒဏ်ရာဒဏ်ချက်တွေ ပြန်နိုးထလာသလိုလည်းခံစားရပြန်တယ်.. ။

မတွေ့တာကြာတဲ့ အမေနဲ့ ပြန်တွေ့ရမှာလည်း ဟုတ်တယ်.. ။

ကိုယ့်မှာတွယ်နှောင်စရာဆိုလို့ အမေတစ်ယောက်ထဲပဲ ရှိတော့တာပါ..

ဒါကို ဘာထပ်ပြီး လွမ်းဆွတ်စရာကျန်နေသေးလို့ ဆွေးနေချင်ရသေးပြန်တာလဲ.. ။

ပြီးခဲ့တဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ဘာကြောင့် တောင့်တပြီး ဆက်ကချင်နေရပြန်တာလဲ.. ။

အမှန်ဆို ဒီဇာတ်လမ်းက ပြီးပြတ်နေခဲ့ပြီပဲမဟုတ်လား.. သူ့လမ်းသူလျှောက်နေသလို ကိုယ်လည်းကိုယ့်လမ်းကိုယ် လျှောက်နေပြီပဲ ။

နောက်ပြန်လှည့်လို့မရတဲ့ လမ်းကိုနှစ်ယောက်လုံးလျှောက်နေခဲ့ပြီးပြီပဲ..

တော်သင့်ပြီ ဟိန်းခ.. ။

မင်း တော်လိုက်သင့်ပြီ.. ။

ပြန်ဆွေးချင်နေသေးတဲ့ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် ကြိတ်ဆုံးမရပြန်သည်.. ။

ဒါလည်း ခုမှမဟုတ်.. ။

တစ်နေ့ကို အခေါက်ပေါင်းမနည်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမနေရတာပဲ.. ။

ဒီမြေ ဒီလေရောက်တော့ ရောဂါပိုရင့်လာပြန်တာလေ.. ။

' အဟက်.. အမှန်ဆို မတွေးသင့်တော့တာ မဟုတ်လား '

ခြောက်ကပ်ကပ်နဲ့ ရင်နာနာ ရယ်နေရတာ ကိုယ်ကိုယ်တိုင် တောင် သတိမမူမိ.. ။

" ကိုလေး.. "

ပြည့်ကျော် အသံကြားလို့ ဘေးဘက်လှည့်ကြည့်လိုက်သည်.. ။

" သွားရအောင်လေ ကိုလေး.. "

" အွန်.. "

ကိုယ့်ရဲ့သတိတွေက ဒီမြေနင်းတာနဲ့တင် လွင့်နေတယ်တဲ့လား.. ။

ဟိန်းခ ဒီတိုက်ပွဲမှာ မင်း အနိုင်ရဖို့ပဲတွေးထားစမ်းပါ.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Tempat cerita menjadi hidup. Temukan sekarang