Part (46)

2.8K 71 1
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (46)

ဒီနေ့တော့ သွန်းတို့ မိသားစုလိုက် ပထမဆုံးအတူ အိပ်ဖြစ်တဲ့နေ့..။

သားက သူ့အဖေနဲ့အတူအိပ်ရတော့ပျော်နေတာ..။

သူ့အဖေနဲ့စကားတွေတော်တော်ပြောပြီးမှ အိပ်သွားတော့တယ်..။

သွန်းတို့နှစ်ယောက်ကတော့ အိပ်မပျော်နိုင်ကြသေး..။

" သားကိုမွေးပေးလို့ ကျေးဇူးနော် သွန်း.. "

သားရဲ့နဖူးပေါ်ကျနေတဲ့ဆံစတွေကို သူက အသာဖယ်ပေးရင်း သွန်းကိုကျေးဇူးတင်နေတာ..။

" အတူမရှိနိုင်ပေးခဲ့တာကိုလည်း တောင်းပန်ပါတယ်.. "

သူ့မျက်နှာက စိတ်မကောင်းဖြစ်နေတာ အသိသာကြီး..။

" မတောင်းပန်ပါနဲ့.. သွန်းလည်း လျှံ့ကို တောင်းပန်ရမှာပဲကို "

" ဘာတွေမှားခဲ့ဖူးလို့လဲ သွန်းက.."

တကယ်တမ်း သူ့အပေါ်လွန်တာ ကိုယ်သာ..။

ကိုယ်တစ်ယောက်ထဲသာ..။

" လျှံ့လက်ကို လှမ်းမဆွဲမိတာ.. "

" အင်.. အဲ့တုန်းက ကျွန်တော် တကယ်စိတ်ဆိုးတာ "

" ဟင်.. "

သွန်းမှားတာ သိပေမယ့်လည်း ဒီလိုတော့ ထုတ်ပြောလာလိမ့်မယ်လို့ ထင်မှမထင်ထားခဲ့..။

" အဲ့တုန်းက ကျွန်တော့်ကို ချစ်တာမှဟုတ်ရဲ့လား.. ချစ်တယ်ပြောပြီး လူကိုစွန့်လွှတ်ရက်တယ်နော် "

" ဟယ်.. သူကပဲ တစ်ပြန်စီး "

" ကျွန်တော်ပြောတာ မဟုတ်လို့လား.. "

မျက်လုံးလေး ပြူ းဝိုင်းပြီး ကျွန်တော့်ကို ကြည့်နေတဲ့ပုံလေးက..။

" အဲ့လိုလည်း မဟုတ်ပါဘူး.. "

" မဟုတ်လို့ပဲ.. ဒီတစ်ခါလည်း ဘာထူးလဲ အားအားနေ ဒီကောင်အနားကနေ ပြေးချင်နေတာ ပြောပါအုံး ဒီကောင်ကိုတကယ်ချစ်တာမှဟုတ်ရဲ့လား.. ချစ်ရောချစ်သေးရဲ့လား "

" သားကို ပိမယ်.. "

သား ဗိုက်လေးပေါ် တင်ထားတဲ့ သွန်း လက်ကို ဆတ်ခနဲ ဆွဲယူပြီး သူက သားပေါ်ကျော်ကာ သွန်းကိုကြည့်နေတာ.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now