Part (5)

2.6K 85 1
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (5)

ကားကို လမ်းဘေးတစ်နေရာမှာ ချရပ်ခဲ့ပြီး သားတွေလက်တွဲရင်း လမ်းလျှောက်လာလိုက်သည်.. ။

" အကင်နည်းနည်း စားမယ်လေ မေ.. "

သားကြီးက ချစ်စုလက်ကို ကိုင်တွဲရင်း မိုးကို ပူဆာနေတာ.. ။

" အကင်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး သားရဲ့.. "

" နည်းနည်းလေးတောင် မရဘူးလား.. "

မျက်နှာလေး ငယ်ပြပြီး ထပ်တောင်းဆိုနေတာ..။

" သားလည်း နည်းနည်းစားချင်တယ်.. နည်းနည်းပဲလေ "

မိုးလက်ကို ဆုပ်ကိုင်ရင်း မိုးလက်ကိုလှုပ်ရမ်းကာ ပူဆာနေတဲ့ အငယ်ကောင်လေး.. ။

မိုး ချစ်စုကို အကူခေါ်ဖို့လှည့်ကြည့်တော့ သူကမိုးကိုတောင်ရှောင်နေတယ်.. ။

ဟွန့်.. သူလည်း စားချင်လို့ ဉာဏ်ထွင်နေတာ မသိရင်ခက်မယ် ။

" နော် မေမေ နော်.. "

" နော် မေ... "

မိုး လက်နှစ်ဖက်ကို ဆုပ်ကိုင်လှုပ်ရမ်းကာ တောင်းဆိုနေကြတာ.. ။

အဟွင်း.. ဒီကလေးတွေနဲ့ ပတ်သက်လာရင် မိုးက ဘယ်တုန်းက မာန်တင်းထားနိုင်လို့လဲ ။

" စားလို့တော့ ရမယ်.. ဒါပေမယ့် အများကြီးတော့ မရဘူးနော် "

" ရေး.. ဟုတ် "

သားနှစ်ယောက်ကတော့ သူတို့စားချင်တာစားရတော့မယ်ဆိုတော့ ကခုန်မြူ းတူးလို့..

အဲ.. ချစ်စုကိုလည်းမေ့မရ ။

" မမ ချစ်စု တို့ ဟိုအရင်ကစားတဲ့ဆိုင်က ကောင်းတယ်.. အဲ့ဆိုင်ပဲ သွားလိုက်မယ်နော် လာ သန့် အစ်မတို့ရှေ့ကနေသွားကြရအောင် "

သားကြီး သန့် လက်ကိုဆုပ်ကိုင်ဆွဲပြီး ချစ်စုတို့ သူကြိုက်တဲ့ နေရာဆီသွားနေပြီ.. ။

အဟွင်း..

မိုး.. သဘောကျကာ ခေါင်းလေးဖွဖွရမ်းရင်း သဘောကျပြုံးမိသည် ။

မိုးလည်း သားငယ်လက်ကို ကိုင်ဆွဲထားရင်း ချစ်စုနောက်လိုက်သွားလိုက်သည်.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now