Part (11)

2.2K 78 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (11)

အခုရက်ပိုင်းတွင်း သွန်းဆက်မိုးနဲ့ သိပ်မတွေ့နေရ..။

တိတိကျကျပြောရရင် အဲ့နေ့ကတည်းကကျွန်တော့်ကိုရှောင်နေတာ.. ။

အတင်းလိုက်ဖမ်းရအောင်လည်းမဟုတ်.. ။

မတွေ့ရပြန်တော့လည်း ကျွန်တော့်မှာမနေတတ်.. ရင်ထဲမှာပူလောင်ဟာဟာကြီး ဖြစ်နေတာ။

ရင်ဘတ်ထဲမှာ လှိုင်ခေါင်းကြီးလို လစ်ဟာနေတာ.. ။

ဘာကြောင့် ကျွန်တော့်စိတ်တွေကဒီလောက် တားမရထိန်းမရဖြစ်နေတယ် မပြောတတ်..။

ဦးနှောက်ကအတန်တန်တားနေလည်း စိတ်ကအတင်းခေါင်းခါပြီး သူ့အနားပဲသွားချင်နေသတဲ့..။

" ဟူး... "

အလုပ်လုပ်နေတာတောင် စိတ်တွေမပါလို့ ဖိုင်တွဲတွေပစ်ချရင်း ခုံကိုပစ်မှီကာခေါင်းလှန်ပြီးမျက်လုံးမှိတ်ထားလိုက်သည်.. ။

" ကိုလေး.. နေမကောင်းလို့လား "

တနေကုန်မျက်နှာမရွှင်လို့ မေးရတာ..

" ကောင်းပါတယ်.. "

" ကောင်းပါတယ် ဆိုတဲ့ အသံကြီးကလည်း.."

" ............ "

ဟိန်းခ မဖြေဘဲ အသာငြိမ်နေလိုက်သည်.. ။

အတန်ကြာမှ..

" ပြည့်ကျော်.. "

" ဗျာ ကိုလေး "

" DS ကို ပြိုလှဲအောင် မလုပ်တော့ရင်ကောင်းမလား.. "

" ဗျာ.. "

အံ့အားသင့်မိလွန်းလို့ ထပ်တစ်ကြိမ်ပြန်မေးရတယ်..။

ကိုလေးကတော့ မျက်လုံးလေးတွေ မှိတ်ထားဆဲ..

" ကိုလေး အချိန်တွေအင်အားတွေ ရဖို့ဘယ်နှနှစ်ကြိုးစားခဲ့ရတာမို့လဲ.. "

" ............ "

" ကိုလေး.. ဘာတွေဖြစ်နေတာလဲ "

" ဒီတိုင်း အချိန်မဆွဲဘဲ မြန်မြန်လုပ်ရင် ကောင်းမလား.. "

အင်ကြင်းနွယ်ကို တဖြေးဖြေးချင်း ဆွဲချဖို့တွေးထားတာ.. သူ့ကျရှုံးမှုကို ဇိမ်ပြေနပြေကြည့်မယ်ပေါ့ ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now