Part (29)

2.3K 63 0
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (29)

" သွန်း အားနာလိုက်တာ.. "

ဒီနေ့ ကလောပြန်လာလမ်းမှာ သွန်းရဲ့ကားကို လျှံကိုယ်တိုင်မောင်းပေးတာ.. ။

သူ့ကားကိုတော့သူ့သူငယ်ချင်းတွေ မောင်းပေးပြီးနောက်ကလိုက်လာရသည်.. ။

ဒါတွေကသွန်းကြောင့်သာ.. ။

သွန်းသာဟိုတစ်နေ့ကခြေထောက်မလိမ်ခဲ့ရင်ပေါ့.. မနေ့ကတော့ သွန်းကို သူတို့ကိုယ်တိုင်ဆေးခန်းလိုက်ပြပေးလို့သာ ။

မဟုတ်ရင်သွန်းခြေထောက်ယောင်ပြီး ပိုဆိုးနိုင်တယ်..။

" ဒီစကားပြောနေတာ ဘယ်နှကြိမ်မှန်း ကျွန်တော် မသိတော့ဘူး သွန်း.. "

" သွန်းက အားနာလို့ပါ.. "

" ဘာမှအားနာမနေနဲ့.. ကျွန်တော်လည်း ကလောပြန်ရမယ့်အတူတူ လမ်းချင်းတူနေတာပဲ "

" ဒါပေမယ့် သွန်းကြောင့် လျှံနဲ့ လျှံ့သူငယ်ချင်းတွေအလုပ်ပိုရတာလေ.. "

" ဟိုကောင်တွေကို ဘာမှအားနာမနေနဲ့.. အဲ့ကောင်တွေ ကျွန်တော့်အိမ်လိုက်ပြီးရှုပ်ဖို့အစီစဉ်ဆွဲထားပြီးသား "

" သွန်းက.. "

" ကဲ.. ဒီက မသွန်းဗျ ကျွန်တော့်ကို ဒီလောက်မှအားနာနေရင်လည်း အားနာတဲ့စကားကလွဲကြိုက်တာပြော နားထောင်ပေးပါမယ်.. ဒီအားနာတယ်ဆိုတဲ့စကားကိုစထွက်ကတည်းကနားထောင်လာရတာ နားမှာမီးခိုးတောင်ထွက်နေပြီဗျ "

" ခိခိ.. "

အနောက်မှာထိုင်နေတဲ့ ချစ်စုတော့ တစ်ခိခိရယ်လာပြီ.. ။

" တွေ့လား.. နောက်ကလူတောင် ထောက်ခံနေပြီ "

" ချစ်စုနော် လူကိုမလှောင်နဲ့.. ငါက တကယ်အားနာတာ "

တကယ့်ကို မျက်နှာထိမျက်နှာထားငယ်ငယ်လေးနဲ့ ပြောနေတဲ့ သွန်းပါ.. ။

ကျွန်တော့်မှာကူညီရတာတောင် မှားနေသလိုလို..

" မမ အားနာမှန်း ခဏခဏမပြောလည်း အစ်ကိုလျှံသိပါတယ်.. မမကဒါပဲထပ်ခါထပ်ခါပြောနေတော့ ချစ်စုတောင်နားညီးတယ် "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now