Part (37)

2.2K 65 1
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (37)

" ဒါက ဘာသဘောလဲ.. "

တာဝန်ယူထားတဲ့ ပရောဂျက်ပြီးသွားပြီမို့ NH မှာ လာမဆင်းတော့ပါဘူးတဲ့.. ။

DS ကို သွားရှာတော့လည်း သွန်းဆက်မိုးဆိုတဲ့သူက DS မှာလည်း အလုပ်မလုပ်ပြန်ပါဘူးဆိုပဲ..။

ကျစ်.. ခင်ဗျားနဲ့တော့ ။

လုပ်ငန်း အိမ် ပိုင်ဆိုင်မှုတွေအားလုံးကို ဒီလိုပဲလက်လျှော့နေတော့မှာလား.. ။

ဟိုမိန်းမလက်ဝါးကြီးအုပ်ထားသမျှ ငြိမ်ခံနေမှာလား.. ။

ကျစ်.. ဒါတွေကြောင့် ခင်ဗျားကို စိတ်မချတာပဲ ။

ခုရောဘယ်နေရာမှာ ဘာလုပ်နေတယ်မပြောတတ်ဘူး.. ။

' အခုတော့နေထားအုံးပေါ့.. အားလုံးပြီးရင် ခင်ဗျားနဲ့ အပီပြင်တွေ့ကြပြီပဲ '

.

" မြတ်စု.. ဟိုဘက်ဆိုင်ခန်းက ရောင်းမှာဆိုဟုတ်လား "

ပန်းဆိုင်နဲ့နည်းနည်းအလှမ်းကွာနေတော့ မြတ်စုကိုသာ မသိတာပြန်မေးနေရသည်.. ။

" ဟုတ်တယ် မမ.. "

" ဘယ်လောက်လောက် ဆိုထားလဲ "

" သုံးဆယ့်ငါးဆိုလား.. "

" ဟုတ်လား "

" မမ ဘာလုပ်မလို့လဲ.. "

" မမတို့ဆိုင် ချဲ့ရမလားလို့ "

" ကောင်းသားပဲ မမရဲ့.. တဖြေးဖြေး လူသိများလာတော့ အမှာတွေတော်တော်ဝင်တယ် မြတ်စုတို့များများသိုလှောင်ဝယ်ထည့်ထားရမယ် "

" မြတ်စုအမြင်ရော ဟိုဘက်ဆိုင်ခန်း ဘယ်လိုသဘောရလဲ.. "

" ဟိုဘက်ဆိုင်ခန်းက နည်းနည်းပိုကျယ်မယ်.. ပြီးတော့အလင်းလည်းကောင်းကောင်းရတယ် သူ့စျေးနဲ့တော့တန်ပါတယ် "

" အွန်.. ဆိုင်ချဲ့ဖို့ အကောင်ထည် ဖော်ကြတာပေါ့ "

ဆိုင်ထပ်ချဲ့ဖို့ တွေးကတည်းက သွန်းမှာ အားလပ်ချိန်များများမရ.. ။

မေ့မရတဲ့စိတ်ကို အလုပ်တွေနဲ့ ဖိလုပ်ထားလိုက်သည်.. ။

ဒါတောင်ခဏအနားရနေချိန်ဆို..

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now