Part (34)

1.8K 55 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (34)

ကောင်းကောင်း အဆင်ပြေမယ်ထင်ခဲ့ပေမယ့်..။

သွန်းချစ်ရသူက သွန်းကိုလည်းပြန်ချစ်မှာပဲလို့ထင်ခဲ့ပေမယ့်.. ။

လူတစ်ယောက်ကို မေတ္တာပေးရင် ပြန်ရမှာပဲလို့ယုံကြည်ခဲ့ပေမယ့်..။

သွန်းပြန်ရလိုက်တာက..

" အစ်ကိုလေး.. နေ့လယ်စာ ပြန်စားတာလား "

ချစ်စု အစ်ကိုလေး လို့ ပြောင်းခေါ်ရတာ မနွယ်ကဆူလို့ပါ.. ။

အစ်ကို အစ်ကိုနဲ့ ကိုယ့်နေရာကိုယ်သိရတယ်လို့ဆူခဲ့တာလေ.. ။

ဒီအကြောင်းကိုတော့ ဘယ့်သူမှပြန်မပြောပြခဲ့ပါဘူး.. တစ်ယောက်ထဲရင်ထဲသိမ်းထားလိုက်တာ။

" မဟုတ်ဘူး.. ဒီနေ့ အပြင်မှာ ရပ်တာကြာပြီး ခေါင်းထိုးကိုက်နေလို့ ပြန်လာအိပ်တာ "

" ဟုတ်လား.. ချစ်စု ဘာလုပ်ပေးရမလဲ "

" နေပါစေ.. ရတယ် "

ဟိန်းခ ပြောပြီး အပေါ်ထပ်အခန်းမှာပဲ အဝတ်လဲကာ ကုတင်မှာ ထိုးလှဲအိပ်ပစ်လိုက်သည်..။

အိပ်ပျော်လုဆဲဆဲ ကိုယ့်နားထင်တွေကို တစ်ယောက်ယောက် လာဖိနေသလိုခံစားရတာမို့မျက်လုံးဖွင့်ကြည့်တော့ ဒေါ်အင်ကြင်းနွယ်..

" ကျွတ် "

လက်တွေကို ခါထုတ်ပစ်ပြီး ကုတင်မှာမြန်မြန်ထထိုင်ရတယ်.. ။

မူးတော့မူးသွားပေမယ့် မျက်နှာတော့အပျက်မခံ..။

" ခင်ဗျား ဒီအခန်းထဲ ဘာဝင်လုပ်တာလဲ.. "

" မင်းခေါင်းကြည်သွားအောင် ငါသံပုရာရည်ဖျော်လာပေးတယ်.. "

ကိုယ့်ရှေ့ကို လှမ်းကမ်းပေးနေပေမယ့်မယူ..။

" ကျွန်တော့်အခန်းထဲက ထွက်သွား "

" ဒါလေးအရင်သောက်လိုက်ပါအုံး.. ပြီးရင် ထွက်သွားမှာပါ "

" မသောက်ချင်ဘူး.. ထွက်သွားစမ်းပါဗျာ "

" ငါက စေတနာအကောင်းနဲ့ ဖျော်လာပေးတာ.."

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now