Part (41)

4K 89 0
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (41)

သွန်း ဒီနေ့ သားနဲ့သူ့ကို စိတ်မချလို့ စောစောပြန်လာတာ..။

" ဟင်.. ဘယ်သွားနေကြတာလဲ "

ခြံထဲမှာလည်း သူ့ကားရှိပါတယ်..။

ခြံထဲမှာလည်း ဆော့နေကြတာ မတွေ့ပါဘူး..။

ဧည့်ခန်းမှာလည်းမတွေ့..။

ထမင်းစားခန်းထဲများ ရှိကြမလားလို့ရှာကြည့်ပြန်တော့လည်းမတွေ့..။

ချစ်စုကိုလည်း မတွေ့..။

" အပေါ်ထပ်မှာ များလား.. "

တွေးရင်း တက်သွားမယ်ရှိသေး အိတ်တစ်လုံးဆွဲကာ သားကိုပါလက်ဆွဲခေါ်နေတဲ့ သူ..။

ချစ်စုကတော့ ခုပဲငိုချတော့မလို မျက်နှာလေးနဲ့အိတ်ကိုဆွဲနေလို့.. ။

သွန်းမရှိတဲ့အတောတွင်း ဘာတွေများဖြစ်သွားခဲ့ကြပါလိမ့်..။

" အဲ့ဒါတွေက ဘာတွေလုပ်နေကြတာလဲ.."

လှေကားရင်းကနေ မတ်တပ်ရပ်ကာ မေးလိုက်သည်..။

" ဪ ပြန်လာပြီလား.. လာကြိုမလို့ကို စောပြန်လာတော့လည်းကောင်းတာပေါ့ "

သူက သားနဲ့အိတ်ကို ဆွဲချလာရင်း ဖြေနေတာ..။

" လာ.. တစ်ခါထဲ အတူသွားကြမယ် "

" ဘာတွေပြောနေတာလဲ.. "

သားနဲ့အိတ်ကို ဆွဲပြီး အိမ်ထဲကနေထွက်နေတော့သွန်းမှာ ပြေးလိုက်ရပြန်သည်..။

" သား.. ဖေဖေ့ကားပေါ် သွားထိုင်နေ "

သူက အဲ့လိုပြောရင်း ကားနောက်ဖုံးမှာ အိတ်တွေထည့်နေတာ.. ။

သားကလည်း သွန်းကိုကြည့်လိုက် သူ့အဖေကိုကြည့်လိုက်နဲ့.. အလယ်မှာ တစ်ယောက်ထဲ ဝင်ရခက် ထွက်ရခက် ရပ်နေတာ ။

ဦးပြုံးလည်း သွန်းတို့အနား ပြေးလာသည်..။

" ချစ်စု ဘာလုပ်နေတာလဲ.. ပေးလေ "

" ဟို.. "

" ကျွတ် "

တွန့်ဆုတ်ဆုတ် လုပ်နေတဲ့ ချစ်စုနားကနေ ကျွန်တော်ကပဲ သွားဆွဲလုရသည်.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Tahanan ng mga kuwento. Tumuklas ngayon