ကသွန်းလျှံ မြစ်သွယ်
🌸pann
Part (45)
" အဟွင်း.. "
ကားမောင်းနေရင်း အလိုလိုရယ်ရယ်မိနေတာ ဘယ်နှကြိမ်ရှိပြီမှန်း မသိ..။
" ဟိုကောင်.. "
" ဗျာ.. "
" ချစ်စု ရွာ လိုက်သွားတယ်.. "
" ဟင်.. "
" ငါ့သမီးကို သေချာသွားခေါ်လာခဲ့.. ပြီး ငါ့သမီးကို ဒီတစ်ခါတော့ သေချာစောင့်ရှောက်ပါ့မယ်လို့ကတိမပေးရင် "
" ဟီးဟီး ပေးပါတယ်ဗျ.. "
" ငါ့စကား မဆုံးသေးဘူး.. "
" စိတ်ချပါ အဖေရဲ့.. သေချာဂရုစိုက်မှာပါ ပါးစပ်နဲ့မပြောဘဲအလုပ်နဲ့သက်သေပြမယ် ခုတော့ ထွက်ပြေးသွားတဲ့ သူကိုကျွန်တော်ပြေးလိုက်ခေါ်လိုက်အုံးမယ်.. မအားဘူးဗျ သွားပြီ သွားပြီ"
" ဟေ့ကောင်.. ဟေ့ "
ကိုယ်ကတော့ ဆုံးအောင်ထိ နားမထောင်ခဲ့..။
မြန်မြန် ထွက်လာပြီး ထွက်ပြေးသွားတဲ့ သူကိုသွားရှာမလို့..။
တွေ့ကြတာပေါ့ ဒေါ်သွန်းဆက်မိုး..
.
" မမ.. "
" ဟွင် "
" လယ်ကွင်းတွေဘက် သွားမလို့ လိုက်မလား..အိမ်မှာပဲနေရတာ ပျင်းနေမှာပေါ့ "
" မေမေ.. လိုက်သွားရအောင်လေ "
သားလည်း ပျင်းလောက်ရောပေါ့..။
ဒီရောက်ကတည်းက အိမ်လာတဲ့ကလေးတွေနဲ့သာဆော့နေရတာ..။
ဒီနေ့ကလေးတွေကလည်း ကျောင်းသွားကြတော့သားမှာကစားမယ့် ကစားဖော်မရှိ..။
" အင်.. သွားကြတာပေါ့ "
ချစ်စုက သူ့အဘွားကိုမှာခဲ့ပြီး သွန်းတို့တွေလယ်ကွင်းတွေဘက် ထွက်လာလိုက်သည်..။
" ကန်စွန်းခင်းတွေပဲ.. "
" ဟုတ်တယ် မမရဲ့.. ခုက ကန်စွန်းတွေပဲ စိုက်တာများတယ် နွေရောက်မှပဲနွေစပါးပျိုးကြတာ"
" အင်.. "
" ဟေး.. ချစ်စု ညည်းပြန်ရောက်နေတာလား"
ВЫ ЧИТАЕТЕ
သွန်းလျှံ မြစ်သွယ် (Unicode)
Любовные романы" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
