Part (18)

2.7K 77 2
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (18)

အဖေက ဒီနေ့ အလုပ်အစောမသွား.. ။

မနွယ်ကတော့ ဘာတွေအလုပ်ရှုပ်နေတယ်မသိပေမယ့် သူအိမ်ကစောစောထွက်နေတာကြာနေပါပြီ.. ။

အဖေ အလုပ်သွားဖို့ မိုးကပဲ ကားနားလေးထိလိုက်ပို့ပေးဖြစ်သည်.. ။

ပြေးကြည့်မှ ဒီသားအဖပဲရှိတာကို.. တစ်ယောက်ကိုတစ်ယောက် အားကိုးပြီးအမှီသဟဲပြုနေရတာ.. ။

အဖေက ကားထဲမဝင်ခင်..

" သမီး.. "

" ရှင် ဖေ.. "

အဖေ့လက်ထဲ အဖေ့လက်ဆွဲအိတ်လေး ထည့်ပေးပြီး ထူးလိုက်သည်..

" သမီး ဒီနေ့ အဖေနဲ့နှစ်ယောက်အတူ အပြင်မှာချိန်းပြီးစားရအောင်လေ.. "

" ထူးထူးဆန်းဆန်းပါလား အဖေရဲ့.. အိမ်မှာလည်း အတူစားနေကြတာပဲကို "

" သမီးနဲ့ နှစ်ယောက်အတူ မဆုံဖြစ်ကြတာ ကြာပြီလေ.. အရင်က အဖေတို့နှစ်ယောက်ပဲအတူသွားအတူစားကြတာ မဟုတ်လား "

" အဟွင်း.. အရင်ချိန်တွေကို အဖေလွမ်းလို့လား"

" မလွမ်းဘဲနေမလား သမီးရဲ့.. သမီးနဲ့ အဖေဝေးနေတယ်လို့ ခံစားရတာရှစ်နှစ်ကျော်တောင်ရှိလာပြီ "

" ............. "

မိုး ခပ်ယဲ့ယဲ့လေး ပြုံးပြမိပါရဲ့.. ။

ဟုတ်ပါတယ်လေ.. မိုးနဲ့အဖေရဲ့ကမ္ဘာထဲ ကြားလူတွေရောက်လာကတည်းက သားအဖဆက်ဆံရေးကနည်းနည်းဝေးနေသလိုလို ။

ငယ်ငယ်လေးကတည်းက မိုးရဲ့အမေ မရှိတဲ့ချိန် အဖေကပဲ မိုးရဲ့အနားမှာ အမြဲရှိနေပေးခဲ့တာ..

မိုးအတွက် ဘယ်အချိန်မဆို အမြဲအဆင်သင့်ရှိနေပေးခဲ့တာ..

အခုမှသာ.. အရင်လိုမဟုတ်နေတော့တာ ။

" ဘယ်လိုလဲ.. အလုပ်မအားဘူးလား သမီး "

" အဟင်း.. အလုပ်က မိုးလုပ်မှရှိမှာပါ အဖေကသမီးနဲ့အတူအပြင်ထွက်ချင်တယ်ဆိုရင် ထွက်မယ်လေ အဖေဘယ်ချိန်လောက်အားလဲ "

" အဖေ ဖုန်းဆက်ပြောမယ်လေ.. "

" ဟုတ်ကဲ့.. "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now