Part (15)

3.2K 79 0
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (15)

နောက်ဆုံးတော့လည်း မိုးတို့သားအမိတွေ သူ့နောက်လိုက်ရတာပါပဲ.. ။

သားကြီးကိုသူ့ကားနဲ့တင်ခေါ်ပြီး ရှေ့ကနေဦးဆောင်မောင်းတော့ မိုးနဲ့သားငယ်လည်းကားမောင်းပြီးနောက်ကနေလိုက်ရသည်.. ။

ခေါ်လာတော့ ဆိုင်ကောင်းကောင်းတစ်ဆိုင်..

သားကြီးကို သူ့ဘေးမှာထိုင်ခိုင်းထားတာ..။

သားငယ်ကတော့မိုးရဲ့ဘေးမှာ..

သူ့ဘာသာသူပဲ စိတ်ကြိုက်မီနူးရွေးပြီးမှာပေးပြန်တယ်.. ။

သူတော့ဘယ်ချိန်ထိ မိုးတို့သားအမိတွေကိုဆွဲထားအုံးမယ်မပြောတတ်..

မိုးတော့ အိမ်အမြန်ပြန်ချင်တာပဲသိတယ်.. ။

" စားလေ.. မ "

မစားဘဲထိုင်နေတဲ့ မ ကို ကျွန်တော် လောကွတ်တော့ စိတ်ရှုပ်တဲ့မျက်လုံးများနဲ့ကြည့်လာပြန်တယ်.. ။

အဟက်..

ကျွန်တော့်ကိုဆို အဲ့လိုစိတ်ရှုပ်တဲ့မျက်လုံးနဲ့ကြည့်တတ်တာမျိုးကခုထိပဲ.. ။

အချိန်တွေကြာသွားလည်း မပြောင်းလဲသွားပါလား.. ။

" ငါ့ကိုဒီခေါ်လာတာ ဘာပြောစရာရှိလို့လဲ.. "

" စားပြီးသောက်ပြီးမှ စကားပြောလည်း ရပါတယ်.. "

" အချိန်တွေမဆွဲချင်ဘူး.. "

" ............. "

ကြည့်.. ။

မိုးကို ခပ်ပြုံးပြုံးလေးနဲ့ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြန်တာ.. ။

ဒါ သူ့အကျင့်ပဲ..

" မင်းမပြောရင် ငါ "

" သားက ဘယ်တစ်ယောက်လဲ.. "

မိုး သူ့ကို ပြန်စိုက်ကြည့်လိုက်သည်.. ။

သူကတော့ ဘာအမူရာမှမရှိ ခပ်တည်တည်တင်းတင်းသာ..

" မေးပြီး ဘာလုပ်မလို့လဲ.. လိုမှမလိုအပ်ဘဲ "

" သိခွင့်တောင် မရှိဘူးလား.. "

သွန်းလျှံ မြစ်သွယ် (Unicode) Место, где живут истории. Откройте их для себя