သွန်းလျှံ မြစ်သွယ်
🌸pann
Part (10)
" မေမေ့.. သားအိမ်လေးရော "
မိုး အခန်းထဲဝင်တာနဲ့ မိုးကိုသူ့အိမ်လေးတောင်းနေတဲ့သားငယ်.. ။
" ရှိတယ်လေ သားရဲ့ "
" သား ဒီနေ့ ပိုက်ဆံမထည့်ရသေးဘူး.. "
" ဪ ဟုတ်သားပဲ.. နေအုံး မေမေ ယူပေးမယ် "
ဗီဒိုလေးထဲ သော့ခတ်ထည့်သိမ်းထားတဲ့ သားရဲ့အိမ်လေးကိုထုတ်လိုက်သည်.. ။
" လာ.. ထည့်ရအောင် "
သားနဲ့နှစ်ယောက်အတူ ကြမ်းပြင်မှာ တပလ္လင်ခွေထိုင်ချလိုက်သည်.. ။
သားရဲ့ အိမ်လေး(စုဘူး)ကို နှစ်ယောက်ကြားထားလိုက်ကာ..
" သေချာလေး ခေါက်ထည့်နော်.. "
" ဟုတ် "
သားလက်သေးသေးလေးနဲ့ ပိုက်ဆံကိုစူးစူးစိုက်စိုက် ကြည့်ရင်းသေချာခေါက်နေတဲ့သား..
" ............ "
မိုး သားကိုကြည့်ရင်း ချစ်စနိုးလေးနဲ့ သားခေါင်းလေးကို အသာလေးပွတ်သပ်ပေးနေမိသည်..
သားကတော့ မိုးကိုတောင်ပြန်မကြည့်နိုင်.. သူ့ပိုက်ဆံလေးကို သေချာခေါက်ထည့်နေတာ ။
ပြီး လက်သေးသေးလေးနဲ့ စုဘူးကိုကိုင်မြှောက်ကာ အပေါက်သေးသေးကြားကို မျက်လုံးလေးတစ်ဖက်မှိတ်ကာကြည့်နေပြန်သေးတဲ့ သား.. ။
" ဂျောက်.. ဂျောက် "
ကြည့်နေရတာနဲ့တင် မကျေနပ်နိုင်သေးဘူး ထင်ပါရဲ့.. ။
အိမ်လေးကို လှုပ်ခေါက်ကြည့်နေပြန်သေးတာ..
" ဘယ်လိုလဲ.. များလာပြီလား "
" အွန်း.. "
ခုထိ ပိုက်ဆံရဲ့ဆွဲဆောင်မှုကြားကနေ မလွတ်ရုန်းနိုင်သေးဘူး ထင်ပါရဲ့.. မိုးကိုတောင် မကြည့်လာသေး ။
" သား ဘာလိုချင်တာရှိလဲ.. "
" သား အိမ်လေး ခွဲရမှာလား "
စစချင်း စုဘူးလေးသားကိုပေးတဲ့ချိန်က..
' ဒီထဲမှာ သားရဲ့ပိုက်ဆံလေးစုထားကြည့်လေ.. တကယ်လို့သားလိုတာရှိရင် ဒီအိမ်လေးကိုခွဲပြီးဝယ်ပေါ့ '
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
