သွန်းလျှံ မြစ်သွယ်
🌸pann
Part (14)
ဟိန်းခ စိတ်မပျော်နေ.. ။
သွန်းဆက်မိုး ကိုယ့်ကို သိသိသာသာကြီး ရှောင်ထွက်နေတာ.. ။
ဒီရက်ပိုင်း ကိုယ့်အရိပ်လေးတွေ့တာတောင်ရှောင်နေတဲ့သူ..
ကိုယ်လည်းသိပါတယ်.. ။
ကိုယ်တို့တွေ နီးဖို့ လမ်းမရှိမှန်း.. ။
သိပေမယ့်ရင်ထဲမှာဟာတာတာကြီး ခံစားနေရတာကျ ဘယ်လိုမှနေမရ.. ။
ဖမ်းဆုပ်ကိုင်ထားချင်တယ်.. ရင်ထဲမှာထည့်ထားချင်တယ် ။
ကိုယ့်တွေ့တာနဲ့မပြေးအောင် ဖမ်းဆွဲပြီးချုပ်ကိုင်ထားချင်တယ်.. ။
နုနုရွရွလက်လေးကို ဆုပ်ထွေးထားချင်တယ်..။
အရည်လဲ့လဲ့မျက်လုံးလေးတွေရဲ့အကြည့်ရွှန်းရွှန်းလေးကို ကိုယ်တစ်ယောက်ထဲအတွက်ပဲ အပိုင်စားရချင်တယ်.. ။
သူ့နားမှာ မားမားမတ်မတ်ရပ်တည်နေချင်တယ်.. ဘယ်သူမှသူ့အနားအကပ်မခံနိုင်လောက်အောင် ရှေ့ကနေကာဆီး ထားပစ်လိုက်ချင်တယ်။
" အဟက်.. "
ကိုယ့်အဖြစ်ကိုယ်တွေးပြီး လှောင်ရယ်ပစ်လိုက်သည်.. ။
အချစ်ကို ရူးသွပ်ပြန်တဲ့ကောင်လေးတစ်ယောက် ဖြစ်ပြန်ပြီ.. ။
အချစ်ကကိုယ့်အတွက် လပ်ကီးကောင်းတဲ့ အရာလေးမဟုတ်.. ။
ကိုယ့်ရဲ့ဘဝက အရာရာပြီးပြည့်စုံနိုင်နေလည်း အချစ်နဲ့တော့အံမကိုက်..
" ဟင်း.... "
အချစ်ကို မုန်းပစ်လိုက်ချင်ပေမယ့် အခုမှာတော့ သွန်းဆက်မိုးကြောင့် အချစ်ရဲ့ကျေးကျွန်အဖြစ်ဒူးထောက်ခစားချင်ပြန်သတဲ့.. ။
" မင်းနဲ့အချစ်က တန်ရောတန်လို့လား.. "
ကိုယ့်ကိုယ်ကိုယ် တီးတိုးရွတ်ပစ်မိတယ်.. ။
အချစ်ကို နာကြည်း ပေမယ့်.. ခင်ဗျားကိုတော့ ကျွန်တော် ချစ်တယ် ။
.
" ဟင်း.. "
မိုး ကားထဲမှာထိုင်ရင်း သက်ပြင်းတွေချမိတယ်..။
VOCÊ ESTÁ LENDO
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
