သွန်းလျှံ မြစ်သွယ်
🌸pann
Part (26)
ဟိန်းခ နေ့လယ်ကတည်းက တောင်ကြီး ရောက်နေပြီ.. ။
စိုးမိုးကသူ့အိမ်မှာပဲနေဖို့ ခေါ်တာနဲ့သူ့အိမ်ကိုရောက်နေတာ.. ။
" အိမ်မှာ မင်းတစ်ယောက်ထဲလား.. "
" အေး.. မနက်ဖြန် ပွဲဆိုတော့ ဒီနေ့အလုပ်ရှုပ်နေကြတာ မင်းလည်းအိမ်မှာအေးဆေးနေ ဘာမှအားနာမနေနဲ့ "
" အွန်.. ငါကူညီပေးစရာရှိရင်လည်း ပြောနော် "
" မနက်ဖြန် ပွဲလိုက်တက်ရုံလေးပါပဲကွာ.. မင်းနဲ့ငါကဆိုဒ်တူတော့ မင်းဝတ်ဖို့လည်းငါပြင်ထားပေးပြီးပြီ "
" အွန်.. မင်းကရော သွားမကူဘူးလား "
" ငါက ခဏနေသွားမှာ.. "
" ငါလည်း လိုက်ခဲ့မယ်.. "
" အိမ်မှာပဲ အေးဆေးနေခဲ့ပါကွာ.. "
" မနေချင်ပါဘူး.. ငါ လိုက်ခဲ့မယ် "
" ဒါဆိုလည်း လိုက်ခဲ့ကွာ.. "
နှစ်ယောက်သား ဟိုတယ်ဘက်သွားပြီး လိုတာကူညီပေးနေလိုက်သည်.. ။
ပွဲတစ်ပွဲဖြစ်ဖို့ကလည်းတကယ်မလွယ်..
ညနေစောင်းတဲ့ထိ ပြင်ဆင်ပြီးမှအိမ်ပြန်အနားယူကြတာ.. ။
မနက်ကျရင်လည်းအစောထပြင်ဆင်ရအုံးမှာ..
ညကျစားသောက်ပြီး အိပ်ယာစောစောဝင်ခဲ့ကြတာ.. ။
.
မနက်အစောကြီး ပြင်ဆင်ပြီး ကိုယ်တွေက ပွဲနေရာရောက်နေပြီ.. ။
လူလည်းတော်တော်များများ ဖိတ်ထားကြတယ်ထင်တယ်.. ပွဲမှာလူတွေတော့ရောက်နေကြပြီ ။
" ဟိန်းခ.. ပွဲမစခင် တစ်ခုခု စားကြရအောင် ခဏနေ စားဖို့ခက်တယ်ကွ ဟိုကောင်တွေလည်းရောက်နေကြပြီ "
" စားတာပေါ့.. "
ကျောင်းတုန်းက သူငယ်ချင်းတွေစုပြီး စကားပြောကြ စားကြ နောက်ကြရယ်ကြနဲ့ အဖွဲ့စိုနေတဲ့ကျွန်တော်တို့ဝိုင်း...
သူ့အကြောင်း ငါဖော် ငါ့အကြောင်းသူဖော်နဲ့ စကားဝိုင်းကတော်တော်နဲ့မပြီး.. ။
ВЫ ЧИТАЕТЕ
သွန်းလျှံ မြစ်သွယ် (Unicode)
Любовные романы" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
