Part (48)

2.8K 62 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (48)

" ရောက်ရင် အကြောင်းကြားအုံး.."

" အွန် "

" ပြည့်ကျော်ကို လိုက်ပို့ခိုင်းလည်း ရတာကို.."

" နေပါစေ.. ဖြူ က ကလေးလား ကိုယ့်အိမ်ကိုယ်တော့ ပြန်တတ်ပါတယ် "

" အွန်.. "

" ဒါနဲ့ လေယာဉ်ချိန်နည်းနည်းလိုသေးတော့လေ ဖြူ့ကို တစ်ခုခုမဝယ်ကျွေးချင်ဘူးလား.."

" ဟင်.. အင် ခဏစောင့်အုံး သွန်း ဒီနားနေခဲ့အုံးနော် "

" အွန် "

မောင်ကတော့ သွန်းကိုထားခဲ့ပြီး ထွက်သွားပြီ..။

ကျန်ခဲ့တဲ့ သွန်းနဲ့ဖြူ မှာတော့ နှစ်ယောက်ကြားစကားသံတွေ တိတ်ကျလို့..။

" နေရခက်နေပြီလား သွန်း.. သွန်းလို့ပဲ ခေါ်မယ်နော် "

" အဟင်း.."

သွန်း ရယ်ပြလိုက်ပါသည်..။

ကိုယ်က လျှံနဲ့ ဖြူ ထက် အသက်ကြီးပေမယ့် သွန်းလို့ပဲခေါ်ချင်ကြတာကို.. လက်ခံပေးထားလိုက်သည် ။

" ဖြူ တောင်းပန်ပါတယ်.. "

" ဘာကိုလဲ.. "

" သွန်းအပေါ် လွန်မိခဲ့တာတွေကိုပါ.."

" သွန်း နားလည်ပါတယ်.."

" အဟွင်း.. စံ ပဲနော် "

" ဟင်.. "

" မိထွေးကြောင့် ဟိန်းနဲ့ဝေးခဲ့ရတယ်.. အဖေကိုဆုံးရှုံးလိုက်ရတာတောင် နားလည်ပေးနိုင်သေးတာ.. ကိုယ့်သားကိုတောင်းဖူးတဲ့မိန်းမ ကိုယ့်ယောက်ျားကိုခဏပိုင်ဖူးတဲ့ မိန်းမကိုလည်းအခုလိုအပြုံးနဲ့ နှုတ်ဆက်နိုင်သေးတာကို.."

" တစ်ခါတလေ လူတွေရဲ့စိတ်ကို နားလည်မိသွားရင် အပြစ်ပြောဖို့ခက်တတ်တယ်.. ဘယ်လိုပြောရမလဲ ငါသာဆိုသူ့နေရာမှာဆိုတဲ့စာနာစိတ်ကြီးဝင်သွားတာလေ.. အဲ့လိုဆို အလိုလို နားလည်ပေးမိနေတာ.. အဟင်း နည်းနည်းတော့ပင်ပန်းရတယ်ကိုယ်ကချည်း နားလည်နေပြီး ကိုယ်ကချည်းစာနာနေရတာ..အဲ့လိုပြောလို့တစ်ဖက်သားဆီက စာနာမှုပြန်လိုချင်နေတာလည်းမဟုတ်ဘူးနော်.. ဇွတ်တောင်းနေတာမဟုတ်ဘူး.. ဒီတိုင်းတစ်ယောက်ထဲ သိတာများသွားတာမျိုး ကိုပင်ပန်းနေရုံပဲ "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now