အခန်း(၃၃)

1.7K 311 7
                                    

<နှစ်ဦးနှစ်ဖက် လှုပ်ရှားဆောင်ရွက်မှု>

အချိန်အတန်ကြာမှ ဝမ်ရွှမ်တိတ်တဆိတ်သက်ပြင်းချကာ ဖော်ပြ၍မရနိုင်သောမသက်မသာခံစားချက်များမှပြန်အဆင်ပြေလာခဲ့သ
ည်။

အစပိုင်းတွင် ကျန်းရီပြောခဲ့သည့်အတိုင်း သူပို၍နက်နက်ရှိုင်းရှိုင်းခံစားမိလေသည်။ကျန်းရီသည် သူ့အကြောင်းကိုလူတစ်ဦး၏လက်
ဖဝါးပေါ်ရှိလက္ခဏာရာများကဲ့သို့ နှံ့နှံ့စပ်စပ်အကုန်နားလည်သော်လည်း သူကတော့ကျန်းရီ့အကြောင်းကိုဘာတစ်ခုမျှမသိပေ။

အင်း...ဒါပေယ့်လုံးဝမသိဘူးလို့တော့ပြော
လို့မရဘူးလေ ဟုတ်တယ်မို့လား?

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးသည်တစ်ဦးနှင့်တစ်ဦး အချိန်အတန်ငယ်ကြာအောင်သိကျွမ်းခဲ့ပြီးဖြစ်ရာထိုလူငယ်လေး၏အသွင်အပြင်၊သူ့အပြုံး၊ဒေါသထွက်ခြင်း၊မောက်မာမှု၊ရှက်ရွံမှု၊စိတ်အားထက်သန်မှုနှင့်စပ်စုလိုသောအ
မူအယာလေးကအစအရာအားလုံးကို ဝမ်ရွှမ်လွယ်လွယ်ကူကူမှတ်မိသေးသည်။

သူနည်းနည်းလောက်တွေးမိယုံဖြင့် ထိုပုံရိပ်လေးများက သူ့နှလုံးသားထဲတွင်သိသိသာ
သာပေါ်လာပေလိမ့်မည်။သို့သော်ငြားလည်း ၎င်းတို့အားလုံးသည်သူတို့နှစ်ဦးတွေ့ဆုံပြီးချိန် လွန်ခဲ့သောလအနည်းငယ်က ပုံရိပ်များသာဖြစ်ပေသည်။

ဒါဆို သူနဲ့တွေ့ခင်အချိန်တုန်းကရော?
ကျန်းရီကသူ့ရဲ့ငယ်ဘဝကိုဘယ်လိုဖြတ်
သန်းခဲ့လဲ?သူ့မှာဘယ်လိုအတွေ့အကြုံမျိုး
တွေရှိခဲ့လဲ?

ရေငတ်မပြေသကဲ့သို့ သိလိုစိတ်ပြင်းပြမှုက
ဝမ်ရွှမ့်နှလုံးသားထဲတွင် မလွဲဧကန်ပေါက်ဖွားလာခဲ့သည်။ထိုကောင်လေးနှင့်ပတ်သတ်သ
မျှအရာအားလုံးကိုသူဒီထက်ပိုပြီးသဘော
ပေါက်နားလည်ချင်မိသည်။

ယခုအချိန်တွင်မူ ကျန်းရီ၏အတိတ်နှင့်ပတ်သတ်၍ သူသိကျွမ်းခဲ့သည့်တစ်ခုတည်းသောအရာမှာ 'မျှဝေစာနာခြင်း'ကပ်ပါးနှင့်ချိတ်ဆ
က်နေစဥ်တွင် မြင်ခဲ့ရသောထူးဆန်းသည့်အ
ဖြူရောင်အခန်းငယ်တစ်ခန်းသာဖြစ်ပေသ
ည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now