အခန်း(၃၈)

1.5K 305 3
                                    

  <လူသားနှင့်နတ်ဆိုး၊ဝမ်ရွှမ့်သဘောထား>

ဝမ်ရွှမ်သည် တံခါးမှတစ်ဆင့် အခန်းထဲသို့ တည်ငြိမ်စွာ ဝင်လာခဲ့သည်။လက်တစ်ချက်မျှ ဝေ့ယမ်းလိုက်ယုံဖြင့် မျောလွင့်နေသော ကလေးငယ်သည် သူ့ရင်ခွင်ထဲသို့ ရောက်သွားတော့သည်။

"ဆရာတူအစ်ကို....."

ကျန်းရီသည် ပါးစပ်ကိုဖွင့်ဟ၍ တစ်စုံတစ်ခုကို ရှင်းပြချင်ပါသော်လည်း သူ့ခေါင်းထဲတွင် လုံးဝဗလာကျင်းသွားသည့်နှယ် ခံစားရ၏။

ဝမ်ရွှမ်ရှေ့တွင် လက်စားချေမှု၊အမုန်းတရားများ၊ချန်နျန်ကျစ်။အရာအားလုံးသည် သူ့ခေါင်းထဲသို့ပြန်နစ်မွန်းလာခဲ့သည်။အဆုံးတွ
င် ထိုမုန်းတီးမှုများနှင့် လက်စားချေခြင်းတို့
သည် မူရင်းခန္ဓာပိုင်ရှင်နှင့်သာ သက်ဆိုင်ကြပြီး သူပိုင်ဆိုင်သည်ဆိုလို့ ဝမ်ရွှမ့်အပေါ် ပေး
အပ်မြှုပ်နှံထားသော စိတ်အစုံသာ ရှိလေသယည်။

ဤကိစ္စများအားလုံးကို သူ့နောက်ကွယ်တွင်သာ လျှို့ဝှက်ထားလိုသော်လည်း ချင်နျန်ကျစ်ကတော့ ငြိမ်ငြိမ်မနေနိုင်ချေ။

ချင်နျန်ကျစ်သည် ရောက်လာသော ဝမ်ရွှမ်နှင့် သူ့လုပ်ရပ်များကို သတိပြုမိသည့်အပြင် ကျန်းရီ၏ တုံ့ပြန်မှုတို့ကြောင့် သူမအတွက် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ရန် အခွင့်ရေးတစ်ခု ရှိနေသေးသည်ဟု ယုံကြည်သွားတော့၏။

ချက်ချင်းဆိုသလိုပင် ဝမ်ရွှမ့်ကို သူမ၏ကယ်
တင်ရှင်အဖြစ် မြင်ယောင်၍ ကြမ်းပြင်ပေါ်သို့ လူးလှိမ့်ပစ်ကာ ဝမ်ရွှမ့်ခြေရင်းသို့ တွားသွားရင်း သနားစရာကောင်းစွာ ငိုယိုပြလေသည်။

"ကျင့်ကြံသူဆရာ ကျင့်ကြံသူဆရာ ကျွန်မကိုကယ်ပါ! ကျေးဇူးပြုပြီး ကျွန်မနဲ့သားလေးကို ကယ်ပါအုံးရှင်!"

ဤမြင်ကွင်းကို ကြည့်ရင်းဖြင့် ကျန်းရီသည် ယင်ကောင်တစ်ကောင် စားမိသည့်နှယ် အော့
အန်မတတ် ရွံရှာသွားရသည်။

ချင်နျန်ကျစ်သည် ဝမ်ရွှမ့်ရင်ခွင်ထဲမှ ကလေးငယ်ကို တို့ထိကြည့်ရန် လက်တစ်ဖက်ကို ဆန့်ထုတ်၏။တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်ဖြင့် ဝမ်ရွှမ့်ခြေထောက်ကို ဖက်တွ
ယ်ရန် ကြိုးစားပြန်လေသည်။ချောမောလှပသော အသွင်နှင့် တွဲလွဲခိုနေသော မျက်ရည်စတို့ကြောင့် သူမ၏ပုံစံမှာအတော်လေးကို သ
နားစရာကောင်းနေခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now