အခန်း(၄၁)

1.4K 283 1
                                    

<ဆရာတူညီလေးကို ဘယ်လို နည်းလမ်းမျိုးနဲ့ မျက်နှာချင်းဆိုင်ရမှန်းသိတော့ဘူး>

နူးညံ့သော နှုတ်ခမ်းသားတို့၏ အထိအတွေ့သည် ရေကို ပေါ့ပါးစွာ ထိတွေ့လိုက်သော ပုစဥ်း တစ်ကောင်နှယ် ထိတွေ့ချင်းမှာပင် ပျံ့နှံ့သွားခဲ့သည်။သို့ရာတွင် ကျန်းရီက ခေါင်းအုံးနံဘေး၌ အချိန်အကြာကြီး ယောင်ပေပေ လု
ပ်နေသေးသည်။သူ တိတ်တဆိတ် ဆိုလိုက်သော စကားကို ဝမ်ရွှမ် ကြားဖြစ်အောင် ကြား
လိုက်ပါသေး၏။

"ဆရာတူအစ်ကိုက အရမ်း သဘောကျစရာကောင်းတာပဲ ကျွန်တော် စိတ်ကူးထားမိတဲ့ အတိုင်းလေးပါပဲလား"

ဤစကားလုံးများဟာ အတော်လေးကို မရေ
မရာ ဖြစ်နေသော်လည်း သူကတော့ လေးလေးနက်နက် ဆိုလိုက်ခြင်း ဖြစ်ပေသည်။

ထို့နောက် ကျန်းရီသည် ဝမ်ရွှမ့်ကို စောင်ဆွဲခြုံပေးပြီးမှ ထွက်သွားတော့သည်။တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်၍ အသာအယာ ပြန်ပိတ်ပေးသွားခဲ့သည်။

နောက်ဆုံးတွင် ဝမ်ရွှမ်သည် မျက်လုံးများကို ဖွင့်၍ ဖိညှစ်ထားသော လက်ကို ဖြေလျော့လို
က်ရာ ချွေးများပင် စိုစွတ်နေသည်ကို တွေ့လို
က်ရ၏။အခန်းထဲ၌ မီးအိမ်ငယ်လေးသာ ရှိနေခဲ့မည်ဆိုလျှင် နီမြန်းနေသော သူ့မျက်နှာကို မြင်ရမည်ဖြစ်ပြီး ယခုအချိန်တွင် သူ့ပါးပြ
င် နှစ်ဖက်စလုံးမှာအလွန်ကို ပူလောင်နေသ
လို ခံစားရလေသည်။

လက်ချောင်းများဖြင့် လက်ဖဝါးမှ ချွေးများကို သုတ်ရင်း သူ့ကိုယ်သူ မနေနိုင်စွာ မေးခွန်း
ထုတ်မိပြန်၏။

ဘာဖြစ်လို့ အိပ်ချင်ယောင်ဆောင်လိုက်မိတာလဲ?

သူသာ မျက်လုံးဖွင့်ပြီး ကျန်းရီကို တကယ်တော့ သူနိုးနေပါကြောင်းကို ပြောသာပြောပြလိုက်လျှင်....

အဲ့ဒီကလေးတော့ လန့်ပြီး အရမ်းကြောက်
သွားတော့မှာပဲ မဟုတ်လား?

ထိုဖြစ်ပျက်သွားနိုင်သော မြင်ကွင်းကို မြင်ယောင်ကြည့်ရင်း ဝမ်ရွှမ် မပြုံးဘဲ မနေနိုင်
တော့ချေ။

ဒါပေမယ့် အစပိုင်းမှာ အဲ့လို လန့်သွားပြီးရင်
နောက်ပိုင်းရော ဘာတွေ ဆက်ဖြစ်ကုန်မှာလဲ?

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now