မင်းမဟာ / သော်က... သော်ကရေ...နေသော်က!!!နေသော်က / ဗျာ အကိုလေး...
မင်းမဟာ / ဗျာနောက်ထား လူအရင်လာခဲ့...
နေသော်က / လာ... လာပါပြီ အကိုလေး...
နေသော်က တစ်ယောက် မီးဖိုထဲမွာ ကြီးမြကို ကူညီနေရင်း
ဧည့်ခန်းထဲက အကိုလေးခေါ်သံကြောင့် အပြေးတပိုင်းလာရတော့သည်။မင်းမဟာ / မင်းက အဲ့အထဲဘာဝင်လုပ်နေတာလဲသော်က! !!
နေသော်က / ဟို ဟိုလေ ကြီးမြကိုကူညီ...
မင်းမဟာ / ကျစ်... နေသော်က !!!
နေသော်က / ဟုတ်... ဟုတ်ကဲ့ တောင်းပန်ပါတယ် နောက်ခါ မသွားတော့ပါဘူး...
မင်းမဟာ / ငါအခုရေချိုးချင်တယ် ပြင်ထား ပြီးရင်
အဝတ်ပါတခါတည်း ထုတ်ထားပေး ဒီနေ့ ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်
ငါပြောတာကြားလား နေသော်က!!!နေသော်က / ဟုတ် ဟုတ်ကဲ့...
မင်းမဟာ / အော်ပြီးတော့ နောက်ခါ ငါမနက်နိုးတာနဲ့ မျက်လုံးဖွင့်ဖွင့်ချင်း မင်းကိုမြင်ချင်တယ် ငါမနိုးမချင်း ဘယ်မှမသွားရဘူး ငါပြောတာကြားလား!!!
နေသော်က/ ဟုတ်ကဲ့ အကိုလေး
ထိုအခါမှ မင်းမဟာရဲ့မျက်နှာဟာ ဒေါသငွေ့လျော့ကာ ပြုံးရိပ်သန်းလာ၏။ ပြီးနောက် နေသော်ကရဲ့ ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်နှာလေးအား ယုယစွာ မော့ယူလိုက်ကာ
မင်းမဟာ / မောင့်ကို စိတ်ဆိုးအောင်မလုပ်နဲ့နော်ကြားလား ဒီနှစ်ကုန်တာနဲ့မောင်တို့လက်ထပ်ကြမယ်
ထိုသို့သာပြောပြီး ကုမ္ပဏီက ဖုန်းလာသောကြောင့် ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေခဲ့လေသည်။
နေသော်ကလဲ အပေါ်ထပ်ကိုတက်ကာ မင်းမဟာ ရေချိုးရန်အတွက် ရေပူရေအေးကို အချိုးကျကျရောစပ်နေလေသည်။ထို့နောက်တော့ နေသော်ကရဲ့ စိတ်အစုံတို့က အတိတ်သို့အလည်တစ်ခေါက်ရောက်ခဲ့လေသည်။
လွန်ခဲ့သော နှစ်၂၀ ခန့်က...
နေသော်က ၅နှစ်သားအရွယ်မှာ ဒီစံအိမ်ကြီးကို
စတင်ရောက်ရှိလာခဲ့တာဖြစ်သည်။
ထို့အချိန်မှစ၍ သူ့ဘဝရဲ့ အိမ်မက်ဆိုးတွေစတင်ခဲ့လေသည်။
သူစရောက်ခဲ့စဉ်အချိန်က မင်းမဟာဆိုသည့် ကောင်ဆိုးလေးမှာ အသက်၃နှစ်ခန့်သာရှိသေးသည်။
သို့ပေမဲ့ အသက်နှင့်ပင်မလိုက်ဖက်အောင်
မောက်မာ ရိုင်းစိုင်းလွန်းလှသည်။
မင်းမဟာရဲ့မိဘများကလွဲရင် စံအိမ်ကြီးမှာရှိတဲ့လူတိုင်းလိုလိုက ထိုကလေးပေါက်စလေးကို ချစ်ခင်နေရမည့်အစား ကြောက်ရွံ့နေကြရသည်။
နေသော်က ဒီအိမ်ကိုရောက်လာရသည်မှာလဲ
ထိုကလေးဆိုးလေးရဲ့ ပေရာဂ မကင်းပေ ။
နေသော်ကတို့ မိဘမဲ့ဂေဟာလေးကို ထိုကလေးဆိုးလေးရဲ့ မွေးနေ့အဖြစ် လာရောက်လှူတန်းစဉ်က
ထိုကလေးဆိုးလေးမှာ နေသော်က ကို
မွေးနေ့လက်ဆောက်လိုချင်သည်ဟု
သူ့မိဘများအားပူဆာသဖြင့်
မိဘများကချော့မော့ခေါ်ယူခဲ့ကြပေမဲ့
ထိုကလေး၏ ဇွဲကြီးပုံကြောင့် နေသော်က အားမွေးစားဖို့ဖြစ်လာခဲ့လေသည်။
နေသော်ကရဲ့ မွေးစားမိဘများက သဘောကောင်းသလောက်
ထိုကလေးဆိုးလေးမှာ အတော်လေးဆိုးပေသည်။
အိမ်ကိုမကြာခဏလာဆော့တက်သော ခြံနီးနားရှိကလေးများက
နေသော်ကနှင့် တရင်းတနှီးနေလျှင်မကြိုက် နောက်ဆုံး သူကလွဲလျှင် နေသော်ကမှ မည်သူနှင့်မျှ ခင်မင်ခွင့်မပြောနဲ့ စကားပြောခွင့်တောင်မရှိပေ ။ နေသော်က သတိမမူမိ၍ စကားသွားပြောမိပါက နေသော်ကနှင့် စကားပြောဆိုခဲ့သော ကလေးသည် တစ်ခုမဟုတ် တစ်ခုဖြစ်ပြီးမှ အိမ်ပြန်ရမြဲ ။ ထိုမျှလောက်ထိ ဆိုးသွမ်းသော ကေလးကို နေသော်ကနည်းနည်းလေးမျှ မချစ်ခင်ပါ
တစ်ခါတစ်ရံ နေသော်က စဉ်းစားမိသည် ဒီလောက် ချစ်စရာမျက်နှာဖောင်းဖောင်းလေးရှိတဲ့ ကလေးပိစိလေးသည်သာ အလွန် လိမ်မာနေခဲ့လျှင် အရမ်းချစ်ဖို့ကောင်းနေမည်လို့ပေါ့...
YOU ARE READING
အသက်တမျှ အသက္တမွ်