အသက်တမျှ အပိုင်း ၂၆ zg

96 3 0
                                    

အက်စ်ဆမ်း ခရီးပန်းတာကြောင့်
မနေ့ညက ကားပေါ်မှာပဲ အိပ်ပျော်သွားတာကို မှတ်မိခဲ့သည်
အခုသူရောက်နေတာ နွေးထွေးတဲ့ မွေ့ယာတစ်ခုပေါ်ဖြစ်နေတာကြောင့် ရင်ထဲ အလိုလိုနွေးထွေးသွားရသည်
မဟာက သူ့ကို မချစ်သည် ဆိုဦးတော့ အခုလို့ ဂရုတစိုက်တော့
ရှိနေလျက်မဟူတ်ပါလား...

အက်စ်ဆမ်းအတွက် ထိုနေ့ မနက်ခင်းက သာယာနေခဲ့ပါတော့သည်။

ခဏအကြာ...

မင်းမဟာ / အက်စ်...

ဒေါက်ဒေါက်...

မင်းမဟာရဲ့ ခေါ်သံနဲ့အတူ အခန်းတံခါးလာခေါက်တာကြောင့်
အက်စ်ဆမ်း တံခါးသွားဖွင့်လိုက်၏။

အက်စ်ဆမ်း / အင်း ဝင်လေ မဟာ...

မင်းမဟာ / မဝင်တော့ဘူး မနက်စာ စားရအောင် လာခေါ်တာ
ရေချိုးပြီး လယခဲ့နော် ကိုယ် ဟိုတယ်ကို ပတ်ကြည့်လိုက်ဦးမယ်

အက်စ်ဆမ်း / အင်း

သိပ်မကြာလိုက် အက်စ်ဆမ်း ကိုယ်လက် သန့်ဇင်ကာ
မနက်စာ စားရန်ထွက်လာခဲ့သည်။

အောက်ထပ်က ဟိုတယ်ရဲ့ စားသောက်ဆိုင်ရောက်တော့
မန်နေဂျာကို တစ်ခုခု ညွှန်ကြားနေတဲ့ မဟာ့ကို တွေ့ရသည်။

အက်စ်ဆမ်း / * အင်းးးး မဟာက သိပ်ကြည့်ကောင်းတာပဲ
ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ခန္ဓာ အချိုးအဆစ်အစိတ်အပိုင်းလဲ ရှိတယ် ပြေပြစ်တဲ့ အသားအရေနဲ့ ခံ့ညားတဲ့ ရုပ်သွင်ကိုလဲ ပိုင်ဆိုင်ထားတယ် အဲ့ထပ် ပိုပြီး သူ့အရှိန်အဝါကို တောက်ပ စေတာက တည်ကြည်တဲ့ ရုပ်ခံကြောင့် ဖြစ်မယ်
ပြီးတော့ ပြတ်သားပြီး သြဇာပြည့်ဝတဲ့ အသံကိုလဲ ပိုင်ဆိုင်ထားတယ်
ဟင်းးးး မဟာက ယောက်ျားလေးချင်းတောင် ငေးမောအားကျချင်စရာပါပဲလေ *

မင်းမဟာ / ဟိန် အက်စ် ဆင်းခဲ့လေ ဘာတွေ ငေးနေတာလဲ

အက်စ်ဆမ်း အတွေးလွန်နေသည်မှာ မင်းမဟာ ဆီမှ နှုတ်ဆက်သံကြားမှပဲ အသိဝင်တော့သည်။

အက်စ်သူ့အနားရောက်သွားတော့ သူ့ရဲ့ ချိုမြမြ ကိုယ်သင်းနံ့က ကြိုဆိုနေလျက်

အက်စ်ဆမ်း / မဟာကလေ ရုပ်ရေသွင်ပြင်တင်မဟုတ်ဘူးနော် ကိုယ်သင်းနံ့ကပါ ဆွဲဆောင်မှု့ အပြည့်ပဲ ကိုယ်တကယ် မနာလိုလိုက်တာ...

အသက်တမျှ အသက္တမွ် Where stories live. Discover now