အသက်တမျှ အပိုင်း ၃၁ zg

85 3 0
                                    

အားလုံး စားသောက်ပြီး ခရီး ဆက်ကြတော့
ဒီတခါ မင်းမဟာက တလှည့် ကားမောင်း၏
ထိုအခါ နေသော်ကနဲ့ အက်စ်က နောက်မှာ နေရာယူလိုက်သည်။

အက်စ် လမ်းတစ်လျောက်လုံး
ထိုကောင်လေးကို အကဲခပ်နေမိသည်။
အက်စ် မြင်ရသလောက်တော့
လမ်းတလျောက်လုံး ထိုကောင်လေးက
မဟာ့ကိုခိုးကြည့်သည်။
စားသောက်ဆိုင်ထဲ ဝင်လာတော့လဲ ငိုထားသည်။
မဟုတ်မှ ဒီကလေး မဟာ့အပေါ် ခံစားချက်ရှိနေသည်လား...
ဒီလိုဆိုရင်တော့ ချစ်ရသူအတွက် ပိုကောင်းတာပေါ့ သူကတော့ ချစ်ရသူပျော်မယ်ဆိုရင် အားလုံး အဆင်ပြေပါတယ်လေ...
တစ်ခုပဲ ဝဏ္ဏ က ထိုကောင်လေးနဲ့
ဘယ်ပုံဘယ်နည်းပတ်သက်နေတာလဲ
ဒီတချက်တော့ သူစုံစမ်းရမည်
အကယ်၍ ပတ်သက်မှု့မရှိဘူးဆိုရင်တော့
အားလုံး အဆင်ပြေ ပြီလေ...

အက်စ်လဲ အတွေးတွေ ကြား နစ်မျော်နေမိရင်း...

မင်းမဟာ / အက်စ် တောင်ပေါ်ရောက်နေပြီ နည်းနည်း ပိုအေးလာလိမ့်မယ် အဲလ်ကွန်း နည်းနည်းလျော့လိုက်မယ် ဖြစ်တယ်မလား

အက်စ်ဆမ်း / အော် အင်း မဟာ့ သဘောပါ ကိုယ်အဆင်ပြေပါတယ်

ထို့နောက် ဘေးက ကောင်လေးကို ကြည့်လိုက်တော့
လက်လေး ပိုက်ကာ တော်တော်လေး အေးနေပုံ ရ၏။

အက်စ် / * အော် မဟာ မဟာ ချစ်ရသူကို ဂရုစိုက်တာတောင်
အဲ့ကောင်လေး နာကျင်အောင် စကားလုံးတွေနဲ့ ထိုးနက်နေသေးတယ်နော် မင်းမာနက အဲ့လောက်တောင် ခတ်ထန်နေတာလား...*

............................................................................

မင်းမဟာ တစ်ယောက် ကားမောင်းနေရင်း
backမှန်ကနေ တဆင့် နောက်ခန်းကို လှမ်းကြည့်မိတော့
အက်စ်က အတွေးလွန်နေပုံရပြီး ကားပြတင်းကနေတဆင့် အပြင်ကိုငေးကြည့်နေ၏။
သော်က ဘက် လှည့်ကြည့်ချိန်မှာတော့ လက်လေး ပိုက်ကာ
အချမ်းပိုနေပုံရသည်။
ကား အဲလ်ကွန်းကို စစ်လိုက်တော့ အအေးနှုန်းက မြင့်နေတာမို့
အနည်းငယ်လျော့ပေးရန် အကြောင်းပြချက် ကောင်းကောင်းရှာလေသည်။
ထို့နောက် အခုသူတို့သွားနေတာ
တောင်ပေါ် အအေးပိုင်းဒေသဖစ်တဲ့
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ဖြစ်နေလေတော့
ထိုအချင်းအရာကိုပဲ အကြောင်းပြရလေသည်။
သို့ပေမဲ့ နေသော်က နာကျင်အောင်လဲ ခနဲ့ချင်တာမို့
တမင် အက်စ် ကို ဂရုစိုက်ပြလိုက်ခြင်း
အက်စ်ကလဲ အလိုက်သိစွာ ပြောပေးတာမို့ တော်သေး၏။
အမှန်ဆို ဒီခရီးကို သူ တမင်စီစဉ်လိုက်တာဖြစ်သည်။
အအေးကြောက်တဲ့ နေသော်က ကို နှိပ်စက်ချင်၍ သာ
ထိုအအေးပိုင်းဒေသ တောင်ကြီးမြို့ကို ခေါ် လာရပေမဲ့
တဖက်မှာလဲ စိတ်ပူနေမိသည်
ထိုကလေး ဒီအအေးဒဏ်တောင်မခံ နိုင်တာ
ရာသီအအေးဒဏ်ကို ခံနိုင်ပါ့မလားဟူ၍...

အသက်တမျှ အသက္တမွ် Where stories live. Discover now