အသက်တမျှ အပိုင်း ၄၅

254 11 0
                                    

မဟာ တစ်နေ့လုံး ရိုဟန်သွားတက်သောနေရာတွေကိုရှာပေမဲ့
မတွေ့တာကြောင့် ပိုပြီး စိတ်ပူသွားရသည်။
မဟာလဲ လင်းရောင်စဥ်ဆီ ဖုန်းဆက်ကာ
အကြိုအကြောင်းမေးတော့လဲ
ပြန်မလာဘူးဟုသာ သိရသည်။

နောက်ဆုံးတော့ ဦးတည်မိရာက ကလပ်တစ်ခုဆီသာ...

မဟာ ကလပ်ဆီ ရောက်ရောက်ခြင်း ဖုန်းဝင်လာခဲ့သည်
ကြည့်လိုက်တော့ ရိုဟန့် ဖုန်း ဖြစ်နေတာမို့ အမြန် ကိုင်လိုက်စဥ်
တဖက်မှ ကြားရသည်က...

မြင့်မိုရ် /  hello....
မင်္ဂလာပါ ဦးမဟာ အော် မှားလို့ မှားလို့ မစ္စတာ ဖိလစ်
ဟားဟားဟား

မဟာ / တောက်!!!
ရိုဟန် ဘယ်မှာလဲ!!!

မြင့်မိုရ် / ဟားဟား ​ဖြေးဖြေးပေါ့ ဦးမဟာ ခဗျား သူငယ်ချင်းကို
ဘာမှမလုပ်ရသေးပါဘူး
ဒါမဲ့ လုပ်မယ် မလုပ်ဖူးဆိုတာတော့ ခဗျားလုပ်ရပ်ပေါ် မူတည်တယ်နော်
အကယ်လို့ ခဗျားသူငယ်ချင်းကို ကယ်ချင်တယ်ဆိုရင်
အခု ###နေရာကို လုပ်ငန်းသဘောတူစာချုပ်နဲ့အတူ
ခဗျားတစ်ယောက်တည်းလာခဲ့ နောက်က ရှုပ်ရှုပ်ယှက်ယှက်တွေ ပါလာရင်တော့ အဟက် ခဗျားကျုပ်အကြောင်းသိပါတယ် ဟားဟားဟား

မဟာ / တောက် !!! မင်းတော်တော် အကြံပတ်စပ်တဲ့ကောင်ပဲ! !!
စောင့်နေ ငါအခုချက်ချင်းမင်းဆီလာခဲ့မယ်

မြင့်မိုရ် / ဟားဟားဟား wellcomeပါဗျာ.....

ထို့နောက် တစ်ဖက်မှ ဖုန်းချသွားတာနဲ့ မဟာ အိမ်ကိုသာ
တန်းပြန်သွားလိုက်သည်။
အိမ်ပြန်ရောက်တော့

နေသော်က / မောင်! !!ပြန်လာတာ စောလိုက်တာ

ထို့နောက် မဟာ့အနောက်ကိုကြည့်ရင်း

နေသော်က / အကိုရိုဟန်နဲ့ လင်းရောင်စဥ်ရော...

မဟာလဲ နေသော်က ကိုမြင်မြင်ချင်း ဒေါသထွက်သွားကာ

မဟာ / နေသော်က! !!မင်း... မင်းက ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ခွေးပဲ! !!

နေသော်က / ဟမ်! !! မောင် ...

မဟာ / မင်းပဲ မဟုတ်လား မင်းအကောင်ကို ထပ်ပြီး သတင်းပေးလိုက်တာ မင်းပဲမလား ဟမ်! !!
ခွေးလိုကောင် မင်းက တကယ် မယုံကြည်အပ်တဲ့သူပဲ
ငါမင်းကို မုန်းတယ် ဆင်း...ငါ့အိမ်ပေါ်ကနေ ချက်ချင်းဆင်း!!!
တောက် !!!

အသက်တမျှ အသက္တမွ် Where stories live. Discover now