အသက်တမျှ အပိုင်း ၃၇

248 11 0
                                    


နောက်တနေ့ မနက်၌

အက်စ်ဆမ်း / သော်က ကိုယ်တို့ စကားပြောရအောင်

နေသော်ကလဲ ခေါင်း​ငြိမ့်ပြပြီး
အက်စ်ဆမ်းနောက်ကို လိုက်သွားလေသည်။

အက်စ်ဆမ်းက ခြံထဲက ထင်းရှူးပင်ကြီးအောက်မှာ လက်ပိုက်ပြီး ရပ်လိုက်တော့ နေသော်ကလဲ တိတ်တိတ်လေး ငြိမ်နေ၏။

ခဏကြာမှ

အက်စ်ဆမ်း / မဟာ့ကိုချစ်သေးလား

မကျယ်ပေမဲ့ စူးရှပြီး တည်ကြည်ပြတ်သားတဲ့အသံက
အမိန့်ဆန်ပြီး အာဏာအပြည့်လွှမ်းမိုးထား၏။

နေသော်က / ဟူတ်...ဟူတ်ကဲ့...

အက်စ်ဆမ်း / ဟူတ်ကဲ့ ဆိုတာမလိုချင်ဘူး
တိတိကျကျသိချင်တယ်
ချစ်တယ်ဆို ချစ်တယ် မချစ်ဘူးဆို မချစ်ဘူး
ဘယ်သူ့ တောင်းဆိုချက်မှမပါတဲ့
မင်းရဲ့ စိတ်သပ်သပ်ကို သိချင်တာ

နေသော်က / အင်း ချစ်တယ် မောင့်ကို ချစ်တယ်...

အက်စ်ဆမ်း / ဒါဆိူ ငါနောက်ဆုတ်ပေးမယ်
ဒီတစ်ခါတော့ မင်းသစ္စာမဖောက်ပါနဲ့
အခုမင်းကိုပေးမဲ့ မဟာက
အရင်တုန်းက မဟာ့ထပ် စျေးပိုကြီးတယ်
ငါ့နှလုံးသားပါ အစစ်ပါတာမို့ မင်းဘက်က တယုတယနဲ့
ထိခိုက်မှု့မရှိအောင် ဂရုစိုက်ပေးပါ
မဟာရဲ့ ရွေးချယ်မှု့က ငါမဟုတ်လို့ ဝမ်းမနည်းဘူး
ဒါပေမဲ့ မင်းဖြစ်နေလိူ့တော့ ငါစိတ်မကောင်းဖြစ်မိတယ်
ထပ်ပြီး မဟာ့အပေါ် သစ္စာဖောက်ရင်
ဒီတစ်ခါ ငါကိုယ်တိုင် ငါ့လက်နဲ့ မင်းကို သတ်ပြစ်မယ်

နေသော်က / စိတ်ချပါ ဒီတစ်ခါ မောင့်အပေါ် သစ္စာဖောက်ခဲ့ရင် ကိုယ့်ကိုယ်ကို အရင် အဆုံးစီရင်ပြစ်မှာ...

အက်စ်ဆမ်း / ကောင်းပြီ ငါစောင့်ကြည့်နေမယ်...

အက်စ်ဆမ်း ထွက်သွားဖို့ခြေလှမ်းပြင်နေတုန်း

နေသော်က / မောင့်ကို.....

အက်စ်ဆမ်းရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီ ပြန်လှည့်ကြည့်လာ၏။

နေသော်က / မောင့်ကို အရမ်းချစ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်
ပြီးတော့... အခုလို စွန့်လွှတ်ပေးရလို့ နောက်တရလားဟင်

အသက်တမျှ အသက္တမွ် Where stories live. Discover now