အသက်တမျှ အပိုင်း ၁၆ zg

96 1 0
                                    

အဟမ်း အဟမ်း...

မင်းမဟာချောင်းဟန့်လိုက်တော့မှ ထမင်းစားခန်းထဲက
နှစ်ယောက် ဂနာငြိမ့်သွားတော့၏။

ရိုဟန်ကတော့ မင်းမဟာကို
မကြည် ကြည့် ကြည့်နေလေတော့သည်။
လင်းရောင်စဉ်ကတော့ မျက်နှာတစ်ခုလုံးရဲပလောင်းခတ်ကာ
မနက်စာ ကိုသာငုံ့စားနေတော့၏။

ဖြစ်စဉ်ကတော့
မနက်မိုးလင်းလင်းချင်း မင်းမဟာ ရေမိုးချိုးပြီးတာနဲ့
ကုမ္ပဏီ သွားဖို့ပြင်ဆင်ပြီး အောက်ထပ်က ထမင်းစားခန်းကို မနက်စာစားဖို့ ဆင်းလာခဲ့၏။
သို့ပေမဲ့ မထင်မှတ်ပဲ ဟိုအတွဲရဲ့
ရိုနည်းတစ်သောင်းကို မြင်လိုက်ရပြီး
မျက်စိနောက်တာနဲ့ ခဏရှောင်ပေးလိုက်၏။
၁၅မိနစ်လောက်ကြာလို့ပြန်ဝင်လာတော့
နမ်းလို့ကောင်းတုန်းဟိုအတွဲကြောင့်
ထပ်ပြီးသည်းမခံနိုင်တော့ပဲ ချောင်းဟန့်ပြစ်လိုက်၏။
ပြီးတော့ သူ မဟုတ်သည့်အတိုင်း ထိုင်ခုံမှ ဝင်ထိုင်ကာ
မနက်စာကို အေးဆေးစားနေလိုက်တော့သည်။
ရိုဟန်ရဲ့ လူသတ်ချင်တဲ့
အငွေ့အသက်တွေကို အရသာခံကာ
မသိဟန်ဆောင်နေရင်းပေါ့...

မင်းမဟာ / ခဏနေ ကုမ္ပဏီ သွားမယ် ရိုဟန် ငါကားပေါ်ကစောင့်နေမယ် ၁၅မိနစ်အတွင်းပြင်ဆင်ပြီး ထွက်လာခဲ့...

ရိုဟန် / ငါမလိုက်ဘူး!!!

ရိုဟန် စိတ်တိုတာမို့
မင်းမဟာကို ဘုကလန့်ပြောပြစ်လိုက်သည်။
ဟုတ်တယ်လေ သူများစုံတွဲ ကြည်နူးနေတာကို
သာသနာလာဖျက်တဲ့ကောင်
ကိုယ့်ဘာသာသွားပေါ့...

မင်းမဟာ / မင်း မလိုက်လဲနေလေ လင်းရောင်စဉ်ကို
ခေါ်သွားလိုက်မယ်

ရိုဟန် / ဟာ ကလေးက မနေ့ကမှ ခရီးကရောက်တာလေ
သူပင်ပန်းနေမှာပေါ့

မင်းမဟာ / ငါလဲ မနေ့ကမှ ရောက်တာပါ

ရိုဟန် / ငါ့ကလေးက မင်းထက် နုတယ်

မင်းမဟာ / ငါ...

လင်းရောင်စဉ် / တော်ကြပါတော့...

မသိရင် ရန်ပဲထဖြစ်တော့မလိုလုပ်နေကြတဲ့
ဒီသူငယ်ချင်းနှစ်ယောက်ကို
လင်းရောင်စဉ် ဝင်ထိန်းရပြန်ပါသည်။
တကယ်ပါ သူနဲ့ပတ်သက်ရင် ဘာကိုမှ မမြင်တဲ့ လူကြီးနဲ့
လူကြီးကိုဆို အမြဲ ရစ်ချင် စချင်နောက်ချင်တဲ့ bossတို့ကြား
သူကတော့ မြေစာပင်ဖြစ်နေရပြန်ပါပြီ

အသက်တမျှ အသက္တမွ် Where stories live. Discover now