အသက်တမျှ အပိုင်း ၅၁ ဇာတ်သိမ်းပိုင်း

640 21 2
                                    

လက်ထပ်တဲ့နေ့...

နေသော်က / ​*သော်က တို့ လက်ထပ်ပွဲလေးက
ထင်ထားသည်ထပ်ပင်
ပို၍စည်ကားနေခဲ့သည်။
စည်ကားဆို မောင့်မိတ်ဆွေတွေကြီးပါပဲ
သော်က ကဖိတ်ရမဲ့သူမှမရှိတာ...
မောင့်စီးပွားရေးလောက က လူတွေနဲ့တင် အရမ်းကို
စည်ကားနေတာ နောက်ထပ်မလိုတော့ပါဘူးလေ
ဒါပြီးလို့ ညနေကျရင်လဲ သင်္ဘောပါတီက ရှိသေးတယ်
ဟူးးးးးမလွယ်ပါဘူး
မောင်ကလေ သူပိုင်တဲ့ ဟိုတယ်တိုင်းမှာ ဧည့်ခံပွဲလုပ်ချင်နေတာ
ကိုယ်က လူရှုပ်တာ မကြိုက်လို့ အတင်းငြင်းရသေးတယ်
ဒါတောင် လက်မှတ်ထိုးတာ တစ်ရက်
မင်္ဂလာဆွမ်းကြွေးတာ တစ်ရက်
ဧည့်ခံပွဲက တစ်ရက်
အခုလဲ မောင်တစ​်ယောက်ဘယ်များရောက်နေပြန်ပြီလဲ *

အက်စ်ဆမ်း / ဟေ့ သော်က...
ခဏနေ ခန်းမထဲ ဝင်ရတော့မှာလေ ဒီမှာ ဘာရပ်လုပ်နေတာလဲ

နေသော်က / မောင်ပျောက်နေလို့...

အက်စ်ဆမ်း / ဟမ်... အင်း ဟုတ်ပြီ ဒါဆို အကိုသွားရှာလိုက်မယ်
သော်က က မိတ်ကပ်ပြင်တဲ့ အခန်းကို​ပြန်သွား
လိုအပ်တာ နည်းနည်းထပ်ပြင်လိုက်ဦး

သော်က / ဟုတ် အဲ့ဆို သော်က သွားနှင့်မယ်နော်

ထို့နောက်သော်ကနဲ့ အက်စ်ဆမ်း လမ်းခွဲက
အက်စ်ဆမ်းကတော့ မင်းမဟာ ရှာပုံတော်ဖွင့်ရလေသည်။

ဟိုတယ်ဝန်းက ကျယ်ဝန်းတာမို့ တနေရာနဲ့တနေရာ
သွားရတာ ဝေးလွန်းသည်။
အခုလဲ အမျိုးသား အိမ်သာရောက်ဖို့အရေး
တော်​တော် ကြာကြာ လမ်းလျောက်နေရပြန်သည်။

မဟာ့ကို တွေ့လို ကတော့ လက်သီးနဲ့ တစ်ချက်လောက်
ခပ်ပြင်းပြင်း ထိုးပြစ်ဦးမယ်ဟ​ု
အက်စ်ဆမ်း စိတ်ထဲ တေးထားလိူက်သည်။

သူလှေကားထစ်တွေကနေ ချိုးကွေ့လိုက်တော့
အမျိုးသားအိမ်သာ မရောက်ခင် ရှေ့နားမှာ
မဟာ့ကိုတွေ့လိုက်ရသည်။
မဟာတစ်ယောက်တည်းလဲ မဟုတ်
မဟာနဲ့ မျက်နှာချင်းဆိုင်မှာ သူ့ကိုကျောပေးပြီး
ရပ်နေတဲ့ ရင်းနှီးတဲ့ ကျောပြင်ကျယ် တစ်ခုကိုလဲ
တွေ့လိုက်ရသည်။
မဟာက သူလာတာကို မြင်သွားပုံရတော့
ထိုအမျိုးသားနား တိုးတိုးကပ်ပြောလိုက်သည်
ထိုအခါ အဲ့အမျိုးသားက နောက်လှည့်မကြည့်ပဲ
မဟာ့နားက ချက်ချင်း ထွက်သွား၏။
ထိုလူ့ပုံစံက မင်္ဂလာ ပွဲလာတဲ့ သူနဲ့လဲ မတူတာမို့
အက်စ်ဆမ်း မဟာ့အနားကပ်ကာမေးကြည့်မိသည်။

အသက်တမျှ အသက္တမွ် Where stories live. Discover now