အသက်တမျှ အပိုင်း ၈

1.7K 34 0
                                        

တစ်ပတ်ပြည့်ခဲ့ပြီ

နေသော်က မင်းမဟာရဲ့ ကုမ္ပဏီမှာ အလုပ် လုပ်ရင်း အလုပ်အကြောင်းလေ့လာနေတာ တစ်ပတ်တောင်ရှိခဲ့ပြီ
အခုချိန်ထိတော့ ဘာလှုပ်ရှားမှု့မှ မတွေ့ရသေးပေ...

မင်းမဟာနဲ့ ရိုဟန်လဲ နေသော်ကတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာပင်

အဲ့နေ့က
မင်းမဟာ နေသော်က ကို ထမင်းစားဖို့သွားခေါ်တဲ့နေ့က...

နေသော်ကရဲ့ နေ့စဥ်မှတ်တမ်းစာအုပ်လေးကို
မင်းမဟာ မထင်မှတ်ပဲ ဖတ်ကြည့်မိသွားခဲ့လေသည်။
ထို့ကြောင့်လဲ ဒီကိစ္စတွေ စီစဥ်နေတဲ့အကြောင်းနဲ့
နေသော်ကနဲ့ မြင့်မိုရ် ချစ်နေကြပြီဆိုတဲ့အကြောင်း
ရင်နာစွာ သိခဲ့ရလေသည်။
ချစ်ရသူက သူ့အပေါ် မုန်းနေလေတော့လဲ မတတ်နိုင်ပါ
သူရဲ့ အချစ်ရေးကံမကောင်းမှုကြောင့်ပဲပြောရမလားမသိ
သူဒီကိစ္စကို ဖြေရှင်းလို့ရရဲ့သားနဲ့
တမင် ဒီလမ်းကိုရွေးချယ်ခဲ့ခြင်း...
သူချစ်ရတဲ့ ထိုလူသားက လွတ်လပ်ချင်ရှာပြီလေ
မင်းမဟာဆိုတဲ့ လှောင်အိမ်ကြီးထဲကနေ ထွက်ပြေးချင်ရှာပြီကို
သူနဲ့ သူ့စီးပွားရေးကိုထိခိုက်လာမှာ သူ မမှု့ပါ အဓိက ကချစ်ရသူပျော်ရွှင်ဖို့သာ ရည်ရွယ်တာမို့
ပျော်ပါစေလေ... ပျော်ပါစေ အချစ်ရေ...

ပြည်ပရောက်နေတဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းကို
ရင်ဖွင့်မိတော့ ချက်ချင်းရောက်လာရှာပါတယ်
ရိုဟန်က ဒီကိစ္စကို သူကြည့်စီစဉ်ပါ့မယ်
မင်းသာငါပြောတဲ့အတိုင်းလုပ်
မင်းကိုသူပြန်ချစ်လာစေရမယ်လို့ ရဲရဲကြီး ဂတိပေးလာတော့
ဒီပြသာနာထဲ ရိုဟန်ကိုပါ ဆွဲထည့်မိခြင်း...
သူနောက်မှ နောင်တမရချင်ပါ
ချစ်ရသူကို ၁၀နှစ်ကျော် အိမ်ထဲပိတ်ကာ လှောင်ထားခဲ့ပြီးပြီ
ဒါကြောင့် သူပြန်ရသည်က ချစ်ရသူရဲ့ သစ္စာမဲ့မှုသာ
သူထပ်ပြီးမိုက်ရူးရဲမဆန်ချင်တော့တာမို့ လွှတ်ပေးမိတော့
တပါးသူရင်ခွင်မှာ မှီခိုကာပျော်နေတဲ့ ချစ်ရသူကြောင့်
သူကိုယ်တိုင်လဲ အလဲလဲအပြိုပြိုပင်...

နေသော်က / မောင်...

မင်းမဟာတစ်ယောက်အတွေးနယ်ချဲ့နေရင်းမှ နေသော်ကရဲ့ မောင်ဟူသော ခေါ်သံလေးကြောင့် သတိပြန်ဝင်ခဲ့ရလေသည်။

အသက်တမျှ အသက္တမွ် Where stories live. Discover now