အသက်တမျှ အပိုင်း ၃၅

261 10 0
                                    

ချိတ်ပေးထားတဲ့ ဆေးပုလင်းကုန်တော့ ခဏမျှ အနားယူပြီး
မင်းမဟာတို့ အားလုံးအိမ်ပြန်လာကြသည်။
အိမ်ပြန်လမ်းတစ်လျောက်ကတော့ တိတ်ဆိတ်လို့နေဆဲပင်...

အိမ်ပြန်ရောက်လို့ နေသော်က ကိုကြည့်လိုက်တော့
အိပ်ပျော်နေပြီမို့ အားနည်းနေတဲ့ ကလေးငယ်ကို
မနိုးချင်တာကြောင့်
မင်းမဟာ ကိုယ်တိုင်ပွေ့ချီပြီး အခန်းထဲ လိုက်ပို့စဥ်
အိမ်မက်ဆိုးများကြောင့် လန့်နိုးလာတဲ့ ကလေးငယ်က
အတင်းဖတ်တွယ်ထားပြီး ချစ်စကားပါဆိုလာသည်မို့
မင်းမဟာတစ်ယောက် အယောင်​ေယာင်အမှားမှားပင်...

နေသော်က / ချစ်တယ်...

မင်းမဟာလဲ ဖက်တွယ်ထားရာမှ ခွာလိုက်ပြီး

မင်းမဟာ / အရင်ဆုံး အနားယူလိုက်ပါဦး...

ထို့နောက် အခန်းထဲက ထွက်သွားဖို့ပြင်နေတဲ့ မင်းမဟာကိုအနောက်မှ သိုင်းဖတ်ထားလိုက်ပြန်သည်။

နေသော်က / ငါတို့ပြန်အဆင်ပြေဖို့ မဖြစ်နိုင်ဘူးလား ဟင်

မင်းမဟာ / ငါမင်းအပေါ် သံသယတွေ ရှိနေတုန်းပဲ...

မင်းမဟာကို ဖတ်ထားတဲ့ နေသော်ကရဲ့ လက်တွေ အားလျော့သွားလေသည်။

မင်းမဟာ / ငါ...အချိန်တစ်ခုတော့ လိုလိမ့်မယ်...

မင်းမဟာကို ဖတ်တွယ်ထားတဲ့ လက်တစ်စုံ မရှိတော့ချေ...
မင်းမဟာ နောက်လှည့်ကြည့်လိုက်တော့...

နေသော်က / ဒါပေါ့ မောင်အတွက် ငါက
ယုံကြည်ချင်စရာမှမကောင်းတာ
ငါနားလည်ပါတယ်မောင် မင်းအတွက် အချိန် လိုအပ်မှာပေါ့
ကြိုက်သလောက် အချိန်ယူပါ
ငါဘက်က မင်းပြန်ယုံကြည်လာမဲ့အချိန်စောင့်မှာမို့
ပြီး​တော့ မင်းယုံအောင်လဲ သက်သေပြမှာမို့...

မင်းမဟာ / အဲ့အချိန်ထိ ကောင်းကောင်းရှိနေပေးပါ

ထို့နောက် မင်းမဟာ ထိုအခန်းထဲမှာ ထွက်လာခဲ့သည်။

အခန်းပြင်ရောက်တော့ အက်စ်ဆမ်းနဲ့ ဆုံ၏။

မင်းမဟာ / အက်စ်...

အက်စ်ဆမ်း / မဟာ...

မင်းမဟာ / မင်းအရင်ပြောပါ

အသက်တမျှ အသက္တမွ် Where stories live. Discover now