အသက်တမျှ အပိုင်း ၃၈

256 10 0
                                    

နေသော်က အိမ်ထဲ ဝင်လာတော့
မနက်စာ ထမင်းဝိုင်းမှာ
မောင်နဲ့ အတူ လင်းရောင်စဥ်ထိုင်နေလေသည်။
လင်းရောင်စဥ်က မောင့် ထမင်းပန်းကန်ထဲ
ဟင်းခပ်ထည့်ပေးရင်း
​အလှဆုံးအပြုံး ပြုံးလေ၏။

သူ့အထင် ထို အပြုံးက လှပပေမဲ့
မာယာများရောယှက်နေသလိုပင်...

နေသော်က ထိုထမင်းဝိုင်းတွင် ဝင်ထိုင်လိုက်တော့
မောင်က စကားဆိုလာ၏။

မဟာ / ငါတို့ မနက်ဖြန် ပြန်ကြမယ်

နေသော်က / ဟင်! !!

လင်းရောင်စဥ် / ဘာလို့လဲ boss

မဟာ / လုပ်စရာ အလုပ်တွေကျန်သေးတယ်လေ
ပြီးတော့ ပွဲကြီးပွဲကောင်း တစ်ခုရှိနေသေးတယ်

လင်းရောင်စဥ် / လုပ်စရာ? ??

အက်စ်ဆမ်း / မြင့်မိုရ်တို့ မင်္ဂလာရက်က
ထပ်သတ်မှတ်လိုက်ပြီတဲ့

အက်စ်ဆမ်းက ထမင်းစားခန်းထဲ လျောက်လှမ်းလာရင်း
ဖြေကြားပေးလိုက်သည်။

လင်းရောင်စဥ်က မချိပြုံးပြုံးရင်း

လင်းရောင်စဥ် / အဟက် ဒါဆို တကယ့်ပွဲပဲပေါ့
သော်ကရော အဲ့ပွဲကို တက်ချင်လား

နေသော်က / ဟင်... ကျွန်တော်က? ??

မဟာ / မပူပါနဲ့ မင်းငါနဲ့အတူ ပွဲတက်ကို တက်ရမှာပါ

ထိုသို့သာပြောပြီး မဟာက ထမင်းဝိုင်းကနေ
ထွက်သွားလေသည်...

နေသော်က ကတော့ မဟာ့စကားကြောင့် နည်းနည်းလန့်နေပေမဲ့ နွေးထွေးရပြန်သည်။
အနည်းဆုံးတော့ မောင်နဲ့အတူ မောင့်လက်ကို ချိတ်ရင်း
ပွဲတက်ရတော့မည်လေ...

............................................................................

မြင့်မိုရ်တစ်ယောက် ဒီတစ်ခါတော့
လက်ထပ်မဲ့ အခမ်းအနားကို
လူကိုယ်တိုင် လာရော​က်စစ်ဆေးကာ
အသေးစိတ်က အစ စီမံလေသည်။
အရင်တစ်ခေါက်လို ကိုကိုထပ်ပျောက်သွားလို့ မဖြစ်တာမို့
အစောင့်အကြပ်တွေ အပြည့်ချထား၏။
အခမ်းအနား မစခင်ကတည်းကပင်
ပြီးသည်အထိ ထိုအစောင့်များကို
သေသေချာချာ ကြပ်မတ်စောင့်ကြည့်ခိုင်းလေသည်။

အသက်တမျှ အသက္တမွ် Where stories live. Discover now