အသက်တမျှ အပိုင်း ၁၃ zg

110 1 0
                                    


၁၀နှစ်ခန့်ကြာသော်...

ရန်ကုန်မြို့ရဲ့ စီးပွားရေးတော်တော်များများကို ချုပ်ကိုင်လာနိုင်တဲ့
တစ်ချိန်က မင်းမဟာ ကုမ္ပဏီလီမိတက်ဖြစ်ခဲ့တဲ့
ယခု မြင့်မိုရ် ကုမ္ပဏီလီမိတက် ဟာ ဒီဆယ်စုနှစ်အတွင်း အရှိန်အဟုန်းမြင့်မြင့်နဲ့ အောင်မြင်လာခဲ့တယ်

ပြီးတော့ ယနေ့ညဟာ မြင့်မိုရ်ကုမ္ပဏီပိုင်ရှင်
ဦးမြင့်မိုရ်ရဲ့ စေ့စပ်မင်္ဂလာ ညစာစားပွဲနေ့ပဲဖြစ်တယ်...

ကုမ္ပဏီ ရှယ်ရာရှင်တချို့ / ဂုဏ်ယူပါတယ် ဦးမြင့်မိုရ် ဂုဏ်ယူပါတယ်ဗျာ

မြင့်မိုရ်ရဲ့ မျက်နှာထက်မှာတော့ ကျေနပ်ပိတိများ ဖုံးမနိုင်ဖိမရခဲ့

မြင့်မိုရ် / ခဗျားတို့ရဲ့ ကူညီမှု့တွေလဲ အများကြီးပါပါတယ်ဗျာ...

ရှယ်ရာရှင်တချို့ / အဟားးဦးမြင့်မိုရ်က ကိုယ့်ကိုကိုနှိမ့်ချလွန်းပါတယ်...

ထို့နောက် မြင့်မိုရ်က လက္ကနာရီကို တချက်ကြည့်လိုက်ပြီး
အပြုံးတချက်ဖူးပွင့်သွားကာ

မြင့်မိုရ် / ကဲ ဒီလိုဆို လူကြီးမင်းတို့သောက်ကြစားကြပါဦး
ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ အသည်းညှာလေးကို သွားခေါ်လိုက်ပါဦးမယ်...

ရှယ်ရာရှင် လူကြီးများ / ကောင်းပါပြီဗျာ ကောင်းပါပြီ...

............................................................................

မီးယောင်မှိန်ဖျဖျအခန်းငယ်လေးတစ်ခုတွင်

"သား မင်းမျက်နှာကြီးကို မှုံကုတ်မထားနဲ့စမ်း ပြုံးပြုံးလေးနေမှပေါ့ ဒယ်ဒီကုမ္ပဏီရဲ့ အနာဂတ္က သားလက်ထဲမှာပဲရှိတယ်နော်"

လွင်မင်းဦး / ဒယ္ဒီသားက...

"တိတ်စမ်း! !!"

ဒေါက် ဒေါက် ဒေါက်

အခန်းတံခါးခေါက်သံကြောင့် နှစ်ဦးလုံးရပ်တန့်သွားခဲ့သည်။

ထို့နောက် အခန်းထဲဝင်လာခဲ့သူမှာ မြင့်မိုရ်...

မြင့်မိုရ် / ပြင်ဆင်လို့ပြီးပြီလား ကိုကို...

လွင်မင်းဦး ၏ ဖခင် / ပြီးပြီ ပြီးပြီ
သားငယ်လေးက မောင်ရင် လာခေါ်တာကိုစောင့်နေတာ...

အသက်တမျှ အသက္တမွ် Where stories live. Discover now