အသက်တမျှ အပိုင်း ၁၉

261 11 0
                                    

အက်စ်ဆမ်း မြန်မာပြည်ရောက်နေတာ တစ်ပတ်ကျော်သွားခဲ့ပြီ
ခုထိလဲ ဘာမှရေရေရာရာ အလုပ်မလုပ်ရသေးတာကြောင့်
ဟိုတယ်မှာပဲနေကာ အိပ်လိုက် စားလိုက်နဲ့ အချိန်ကုန်နေခဲ့မိသည်။
ဘယ်မှလဲမသွားဖြစ်သလို အင်္ဂလန်က အလုပ်ကိစ္စတော်တော်များများကိုလဲ ဖုန်းနဲ့သာ စီမံနေခဲ့သည်။

သူမြန်မာပြည်ရောက်လာရတဲ့အကြောင်းအရင်းကတော့
ရှင်းရှင်းလေးပါပဲ ချစ်ရသူကို ကာကွယ်ပေးချင်လို့
ပြီးတော့ သူ့အနားမှာနေချင်သေးလို့ပါပဲ
အတ္တကြီးပြီး ပိုင်ဆိုင်လိုစိတ်တော့ သူ့မှာမရှိပါ
လောလောဆယ်တော့ သူချစ်တဲ့ မင်းမဟာရဲ့အနားမှာနေပြီး
လိုအပ်တာမှန်သမျှဖြည့်စည်းပေးချင်မိရုံ
တိတ်တိတ်လေး ခိုးချစ်နေချင်သေးရုံကလွဲရင် သူ့မှာ
ဘာရည်ရွယ်ချက်မှ မရှိရိုးအမှန်ပါပဲ.....

မင်းမဟာကို သူစတွေ့ထဲက ရင်ခုန်ခဲ့မိတာပင်
သူတို့ရဲ့ တွေ့စုံမှု့က
မင်းမဟာထင်သလို အလုပ်ကိစ္စနဲ့မဟုတ်ပဲ
သူ့ဘက်က မင်းမဟာကို ကလပ်တစ်ခုမှာ
စတွေ့ဖူးတာဖြစ်သည်။
မင်းမဟာကတော့ ခေါင်းမထူနိုင်အောင်ကို သောက်ထားသည်မို့ သူ့ကို မမှတ်မိခြင်းပင်
သို့ပေမဲ့ သူလက်မလျော့ခဲ့ပါ မင်းမဟာနဲ့အလုပ်အတူတူတွဲလုပ်ခွင့်ရအောင် နည်းမျိုးစုံနဲ့ ချင်းကပ်ခဲ့သည်။
နောက်ဆုံး လုပ်ငန်းတူပါတနာ အဆင့်ကနေ ခင်မင်းရင်းနှီးတဲ့ ဆက်ဆံရေး အဆင့်ထိ ရောက်ရှိခဲ့ပြီး သူဖွင့်ပြောခဲ့မိသည်အထိ
သို့ပေမဲ့ သူ့ရဲ့ ပထမဆုံး အချစ်တွေက ငြင်းဆန်ခံလိုက်ရသည် ။
ထိုတော့မှ ရိုဟန်ပြောပြချက်အရ သိရသည်က
မင်းမဟာ အသည်းကွဲ၍ ဘဝပါပျက်လာသည်တဲ့
မြင်ဖူးချင်မိပါသည် သူအသည်းနစ်အောင်ချစ်ရတဲ့ လူသားကိုမှ အသည်းခွဲခဲ့ပါတယ် ဆိုတဲ့ ကောင်လေးကို ...

............................................................................

ရိုဟန် / ကလေးလေး...

လင်းရောင်စဥ် / ဘာလဲဗျာ ဒီမှာအလုပ်လုပ်နေတယ်

အိပ်ခန်းထဲက ဆိုဖာမှာထိုင်ရင်း laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကောင်လေးက မျက်မှောင်ကျုံးပြီး ပြန်ပြောလိုက်၏။

အသက်တမျှ အသက္တမွ် Where stories live. Discover now