အသက်တမျှ အပိုင်း ၄၁

262 11 0
                                    


အိမ်ပြန်ရောက်တာနဲ့ ​မောင်က နေသော်ကို
ကားပေါ်က အတင်းဆွဲချသည်။
ခပ်တင်းတင်းဆုတ်ကိုင်ထားသောမောင့်လက်တွေက
နေသော်က ကိုနာကျင်စေသည် အသည်းထဲ နှလုံးသားထဲထိ
လှိုက်ကာနာကျင်စေသည်။ သို့သော်မောင်ကတော့
ထိုအရာကိုသိမည်မထင်
တည်တင်းနေသော မျက်နှာထားနဲ့
အံကြိတ်ထားသည်ကလဲ မေးရိုးများပေါ်နေသည်အထိပင်
ဘယ်သူပြောတာမှ မကြားတော့သော မောင်က
နေသော်က ကို အိမ်ပေါ်ထပ် အခန်းဆီသာ
အတင်းဆွဲခေါ်သွားတော့၏။

နေသော်က / မောင်...မောင် ငါ့လက်နာနေပြီ

သို့သော် မဟာ မကြား ဂရူမစိုက်...

အခန်းထဲရောက်တော့ နေသော်က ကိုကုတင်ပေါ် ပြစ်တင်လိုက်ကာ
လက်ညိုးထိုးရင်းဒေါသတကြီးဆိုလေသည်

မဟာ / မင်းအနေအထိုင်မတက်လို့ အပြောခံ လိုက်ရတာ
အဲ့တာကိုမင်းသိလား ဟမ်!!!
ပြောစမ်း!!!အဲ့ကောင်နဲ့ မင်းကြိုက်နေတုန်းက ဘာတွေဖြစ်ခဲ့ကြသေးလဲ
ပြောစမ်းလို့!!!

မဟာက နေသော်က ပခုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကြမ်းတမ်းစွာလှုပ်ရမ်းရင် ဆိုလေ၏။

နေသော်ကမှာသာ တစ်ယောက်တည်း
မောင့်စကားတွေကြောင့် ကမ္ဘာပျက်နေရသည်။

နေသော်က / မင်းငါ့အပေါ် အဲ့လောက်တောင်
မယုံကြည်တာလားမောင်ရယ်...

မဟာ / မင်းကရောငါယုံကြည်အောင်များနေခဲ့လို့လား ဟမ်!!!
အခုမှ မျက်ရည်ကျပြမနေနဲ့ မင်းသာအနေအထိုင်တက်ခဲ့ရင် ခုလိုပြောခံရမှာမဟုတ်ဘူး မင်းအစားငါရှက်တယ် နေသော်က! !!

နေသော်က /* မောင်က ရှက်သည်တဲ့ ငါ့ကြောင့်ရှက်သည်တဲ့လေ...*

မင်းမဟာ / ပြောလေ ငါမေးတာဖြေလေ
မဖြေနိုင်တော့ဘူးလား ဟမ်!!!
နေသော်က!!!

နေသော်က ဘာမှပြန်မပြောမိ မောင့်စကားများအား ပြန်လဲ တုပချေဖျက်ဖို့ ပြောစရာစကားများရှာမတွေ့ ချစ်ရသူက မယုံကြည်လေတော့
ပို၍ ကမ္ဘာပျက်ရလေသည်။ ထို့ကြောင့် ငြိမ်နေလိုက်၏။
ထို့သိူ့ငြိမ်နေသည်က မောင့်စိတ်ဒေါသကို ပိုကြီးစေသည်ထင်၏။

အသက်တမျှ အသက္တမွ် Where stories live. Discover now