မင်းမဟာ အိပ်ရာကနိုးလာတော့
ဘေးကစိုက်ကြည့်နေသလိုခံစားရတာမို့
အခန်းထဲကိုဝေ့ဝဲကြည့်လိုက်တော့ ကုတင်ဘေးမှာထိုင်ကာ
တဖက်ကလေးတစ်ထည်ကိုကိုင်ထားပြီး
အလှပဆုံးပြုံးပြနေတဲ့ ချစ်ရသူ...
မင်းမဟာ / သော်က ဒီမှာ ဘာလုပ်နေတာလဲ
နေသော်က / အကိုလေး ကုမ္ပဏီသွားဖို့
ကူပြင်ပေးမလို့လေ...ဟီးး
မင်းမဟာ / * ကြည့်ရတာ ဇာတ်လမ်း စပြီထင်ပါတယ် *
နေသော်က / * အကိုလေးရဲ့အချစ်တွေကို အသုံးချသလိုဖြစ်သွားရင် တောင်းပန်ပါတယ် ဒါမဲ့ သော်က တသက်လုံးဒီလိုမနေနိုင်ဘူး
တစ်ခါလောက်တော့ အတ္တကြီးစွာ သစ္စာဖောက်ပါရစေ... *
မင်းမဟာ / ကောင်းပါပြီဗျာ အဲ့လိုဆို
မောင်အရင်ရေချိုးလိုက်ဦးမယ် ဟုတ်ပြီလား
နေသော်က / ဟုတ်မောင် အဲ့ အကိုလေး...
သော်က အဝတ်အစားထုတ်ထားပေးမယ်နော်
မင်းမဟာ / မောင် လို့ပဲခေါ်ပါလား..... * သော်ကပါးစပ်ကနေမောင် လို့ခေါ်လိုက်တာက အတုအယောင်မှန်းသိပါတယ်
ဒါမဲ့ မင်းဖြစ်နေလို့ အတုအယောင်ဆိုရင်တောင် ချိုမြိန်တယ် *
နေသော်က / ဟုတ်ကဲ့ မောင်...
ပြီးနောက်ရှက်ပြုံးလေးဖြင့် အဝတ်သွားထုတ်နေလေသည်။
မင်းမဟာ ပျော်ပါတယ် ဒါမဲ့အပြည့်အဝတော့မဟုတ်ဘူးပေါ့
ဒါဟာအတုအယောင်ဆိုရင်တောင်...
မင်းပေးတာမို့ ...
မောင် ခုံမင်မိပါတယ် အချစ်ရယ်...
မင်းမဟာလဲ ရေချိုးခန်းထဲသွားကာ ရေပန်းကိုဖွင့်ချပြစ်လိုက်ပြီး
အံကြိတ်ကာ ငိုနေလေသည် ။ ဒါဟာ ပျော်လို့ငိုနေမိတာလား...
ဝမ်းနည်းလို့ ငိုနေမိတာလား...သူကိုယ်တိုင်ပင် မသိပါ
သူ့အကြားချင်ဆုံး စကားလုံးလေးက အခုတော့ ကြားချေပြီ...
သို့ပေမဲ့ အလုံးစုံသော ပျော်ရွှင်မှုကတော့...
ဗလာကျင်းနေလျက်ပင်...
နာကျင်တာပေါ့အချစ်ရယ် နာကျင်တာပေါ့
ဒါမဲ့ အံကြိတ်ပြီးငိုတာက အသံမထွက်ဘူးလေ...
မင်းမဟာလဲ ထုံးစံအတိုင်း အစဥ်အလာမပျက် သော်ကထုတ်ပေးတဲ့အဝတ်အစားကိုဝတ်တယ် ကြီးမြပြင်ပေးတဲ့ မနက်စာကို သော်ကနဲ့အတူစားတယ် ပြီးေတာ့ကုမ္ပဏီသွားတယ် ...
YOU ARE READING
အသက်တမျှ အသက္တမွ်