အသက်တမျှ အပိုင်း ၃၉

256 10 0
                                    

မဟာ / ရော့!!!

နေသော်က ရှေ့ရောက်လာသော အနောက်တိုင်းဝတ်စုံလေးတစ်စုံ

နေသော်က / ဒါက

မဟာ / ဝတ်ကြည့် အဲ့နေ့ ပွဲတက်ရင် ဝတ်ဖို့

နေသော်က ဝမ်းသာသွားသည်။

နေသော်က / ဒါဆို ဒီဝတ်စုံလေးက မောင်နဲ့ဆင်တူပေါ့

မဟာ / အရင်ဆုံးသွားဝတ်ပါ အဆင်ပြေ မပြေ ကြည့်မလို့

နေသော်က /ဟီးးး ဟုတ်ကဲ့

နေသော်ကလဲ သွားတန်းလေးများပါ်သည်အထိ ပြုံးပြကာ
အဝတ်အစားသွားလဲတော့သည်။

နေသော်က / မောင် အဆင်ပြေလားဟင်

မဟာ / အင်း မဆိုးပါဘူး မှန်းပြီးယူလာပေမဲ့ ကွက်တိပဲ

နေသော်က / ဟိဟိ ဟုတ်တယ်နော် ဒီလိူလေးဆို​တော့ လက်ထပ်ခါနီးဝတ်စုံရွေးနေတဲ့ စုံတွဲလိုပဲ

မဟာ / အိမ်မက်မက်နေလိုက်လေ...

မဟာထိုသို့ပြောကာ နေသော်က အခန်းထဲကနေ
ထွက်လာခဲ့သည်။

နေသော်က / ဒီအတိုင်းပဲပြောလိုက်တာပါမောင်ရယ်
ငါအဲ့လောက်ထိ မမှန်းရဲပါဘူး

မဟာ နေသော်က အခန်းရှေ့မှာ ရပ်နေမိသည်။
အခန်းထဲက ထိုကောင်လေးရဲ့ ဝမ်းနည်းစွာငိုကျွေးသံကို
လစ်လျူရှူ့လျက်

မဟာ / * နာကျင်ပေးပါ
မောင့်အတွက် ဒီလောက်တော့ နာကျင်ပေးပါ သော်က
ဒီလောက်နဲ့တော့
မောင့်ရဲ့ နှလုံးသား အမိန့်ကို
မနာခံနိုင်သေးဘူး
ဒီထပ်ပိုတဲ့ နာကျင်မှု့တွေ ပေးမှာမို့
ခံနိုင်ရည်ရှိအောင်သာကြိုးစားထားပါတော့... *

မင်းမဟာတစ်ယောက် ထိုအခန်းရှေ့မှာ အတန်ကြာရပ်နေပြီးမှ
ကိုယ့်အခန်းကိုယ်ပြန်လာခဲ့သည်။

ဒေါက် ဒေါက်...

မဟာ မျက်ရည်စတချို့ကို သုတ်လိုက်ပြီး

မဟာ / ဝင်ခဲ့ပါ...

အက်စ်ဆမ်း / နွားနို့ လာပို့တာ မဟာ ပြီးတော့
ငါ မနက်ဖြန် ပွဲတက်ပြီးတာနဲ့ ပြန်တော့မယ်

မဟာ / ထပ်နေပေးလို့မရဘူးလား

အက်စ်ဆမ်းလဲ မဟာ့ ကုတင်ဘေး ထိုင်လိုက်ရင်း

အသက်တမျှ အသက္တမွ် Where stories live. Discover now