နေသော်က အိမ်မှာ လညပ်စရာရှိတာ လုပ်နေတုန်း အခန်းတံခါး ဘဲလ်ကို အဆက်မပြတ်တီးနေတာကြောင့် အကိုဝဏ္ဏ ပြန်လာသည်ဟု ထင်လိုက်ကာ အခန်းတံခါးကိုအပြေးသွားဖွင့်လိုက်၏။
ထိုအချိန် မြင်လိုက်ရတဲ့ လူတစ်ယောက်ရဲ့ မျက်နှာက
သူ့ကို ကြက်သေ သေ သွားစေသည်။
ထို မျက်နှာ ချောချော
လွန်ခဲ့တဲ့ ၁၀နှစ်လုံး သူလွမ်းနေခဲ့ရတဲ့ မျက်နှာချောချော
သူ ခိုးငေးကြည့်ခဲ့ရတဲ့ မျက်နှာ ချောချော
အင်းးး လွန်ခဲ့တဲ့ နှစ်တွေ တုန်းက အတိုင်းပဲ ချောမောနေဆဲ
တစ်ခုပဲ ရင့်ကျက်တည်ကြည်သွားတဲ့ ရုပ်သွင်ကတော့
သူ့ရဲ့ အရှိန်အဝါကို ပိုတိုးလို့ ထောက်ပံ့ပေးလေသည်။အက်စ်ဆမ်း / ဒီမှာ မင်းက ကိုဝဏ္ဏနဲ့ ဘာတော်တာလဲ ငါတို့ ကိုဝဏ္ဏနဲ့တွေ့ချင်လို့ သူ့ကိုခေါ်ပေးပါ...
အက်စ်ဆမ်းလဲ တံခါးပေါက်စမှာ ရပ်နေပြီး တစ်ယောက်မျက်နှာ တစ်ယောက် ငေးမောနေကြတဲ့နှစ်ယောက်ကြောင့် အမြန် ကြားဝင်လိုက်ရ၏။
မဟုတ်ရင် ဒီနေ့အဖို့ အိမ်ထဲ ဝင်ရတော့မည်မဟုတ်ပေနေသော်ကလဲ ထိုလူ့အပြောကြောင့်
သူငေးမောနေရာ ရပ်ဝန်းလေးမှာ ပြန်လည် အသိ ဝင်ကာ...နေသော်က / ဟို... ဟို အကို အကိုက မရှိဘူးဗျ
သူကုမ္ပဏီကိုသွားတယ်မင်းမဟာ / မရှိလဲ တံခါးဖွင့်! !!
နေသော်ကလဲ အယောင်ယောင်အမှားမှားနဲ့
တံခါးဖွင့်ပေးမိလိုက်သည်။နေသော်က / * အော် သော်က သော်က ခုထိ မင်းလဲ မောင့်အရိပ်အောက်က မထွက်နိုင်သေးပါလား ခုထိ သူ့အမိန့်ကို မလွန်ဆန်နိုင်ပဲ မာခံနေမိတုန်းပါလား *
နေသော်က ကိုယ့်အတွေးနဲ့ ကိုယ် ခေါင်းလေး ငုံထားမိ၏။
မင်းမဟာလဲ အိမ်ထဲ ဝင်ခါနီး အက်စ်ဆမ်းရဲ့ ခါးသိမ်သိမ်လေးကို လက် တဖက်က ပွေ့ဖက်ကာ တယုတယ ဆွဲခေါ်လိုက်၏။
အက်စ်ဆမကတော့ ရုတ်တရက် လန့်သွားပေမဲ့
ဘာမှတော့ မပြောပေ...ထိုမြင်ကွင်းကို နေသော်က မြင်သွားသည်မှာလဲ တိတိကျကျပင်...
မင်းမဟာလဲ ဧည့်ခန်းဆိဖာပေါ်မှာ ဝင် ထိုင်လိုက်ရင်း ကားထဲ မှာကျန်ခဲ့တဲ့ တပည့်နှစ်ယောက်ကို ဖုန်းလှမ်းဆက်ကာ အိမ်တော်ကိုပဲ ခေါ်သွားဖို့ အမိန့်ပေးလိုက်၏။
YOU ARE READING
အသက်တမျှ အသက္တမွ်