အသက်တမျှ အပိုင်း ၂၂ zg

96 2 0
                                    

လင်းရောင်စဉ် တစ်ယောက် အက်ဆမ်းစ်နေတဲ့
ဟိုတယ် အခန်းထဲပင်ရောက်သည်အထိ
အသိစိတ်တို့ မကပ်နိုင်သေးပေ
နေသော်က ကို မင်းမဟာဘေးကနေ
ဘယ်လိုရှင်းထုတ်ရမလဲဆိုတာ စဉ်းစားနေဆဲမို့...

ရိုဟန် / ကလေး... ကလေး...

လင်းရောင်စဉ် / ဟင် အော် ဟမ် ပြောလေ...

ရိုဟန် / ဘာဖြစ်လာတာလဲ ခုန အခန်းထဲ ဝင်လာထဲက
မျက်နှာမကောင်းဘူး...

လင်းရောင်စဉ် / ဘာ... ဘာမှမဖြစ်ပါဘူး...ဟို

လင်းရောင်စဉ်လဲ ဝဏ္ဏကို တစ်ချက်ကြည့်လိုက်ပြီး

လင်းရောင်စဉ် / ဝဏ္ဏ ငါနဲ့စကားခဏပြောရအောင်

ဝဏ္ဏက သူ့bossဖြစ်တဲ့ ရိုဟန့်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ လိုက်သွားဆိုတဲ့သဘောဖြင့် ခေါင်းငြိမ့်ပြလာတာမို့

ဝဏ္ဏ / ဟုတ်ကဲ့ အကိုလေး...

ဝဏ္ဏနဲ့ လင်းရောင်စဉ် ဝရံတာဘက်ထွက်သွားသည်အထိ
မင်းမဟာ အက်ဆမ်းစ်နဲ့ ရိုဟန်တို့ လိုက်ကြည့်နေမိသည်။

မင်းမဟာ / သူ့ကြည့်ရတာ သရဲတွေ့လာတဲ့အတိုင်းပဲနော် ရိုဟန်

ရိုဟန်လဲ မျက်စောင်းထိုးကာ လက်သီးထောင်ပြလိုက်တော့သည်။

အက်ဆမ်းစ် / ကဲ ငါတို့ ကိစ္စပဲဆက်ပြောကြရအောင်

အက်ဆမ်းစ်က လောစော်လိုက်မှ သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး အလုပ်ကိစ္စသာဆက်ပြောနေလိုက်တော့၏။

ထိုအချိန် ဝရံတာက နှစ်ယောက်ကလဲ...

လင်းရောင်စဉ် ဝဏ္ဏကို ဘာမှမပြောသေးပဲ
တစ်ခုခုကိုသေချာစဉ်းစားနေသည့်ဟန်ဖြင့်
မိနစ်အနည်းငယ်မျှငြိမ်သက်နေလေသည်။

ဝဏ္ဏ / အကိုလေး...ဘာပြောစရာရှိလို့လဲဟင်

လင်းရောင်စဉ် / ခုနက မင်းနဲ့အတူပါလာတဲ့ကောင်လေးအကြောင်း မင်းသိသလောက်ပြော

လင်းရောင်စဉ်က ဘာမှမပြောပဲ ထိုသို့မေးလိုက်တော့ ဝဏ္ဏလဲကြောင်သွားကာ ခဏကြာမှ

ဝဏ္ဏ / ကျွန်တော်လဲ သူ့အကြောင်းဘာမှမသိသေးပါဘူး
သူ့ကိုမနေ့ကမှသိတာပါ အလုပ်ထုတ်ခံလိုက်ရတဲ့အပြင်
လူရမ်းကားတွေနဲ့ပါ တွေ့ခဲ့ရတဲ့သူ့ကို ကျွန်တော် သနားတာနဲ့
အိမ်မှာ ခဏခေါ်ထားတာပါ အကိုလေး

အသက်တမျှ အသက္တမွ် Where stories live. Discover now