လင်းရောင်စဥ် တစ်ယောက် ခရီးကပြန်ရောက်စမို့
အိပ်ရာပေါ်လှဲကာ ပင်ပန်းမှု့တွေဖြေဖျောက်နေတုန်းရိုဟန် / ရောင်စဥ်လေး... ကိုကို့အလင်းတန်းလေး...
ပူတူတူလေး... ကိုကို့အနွေးဓာတ်လေး... ကိုကို့...လင်းရောင်စဥ် / ခဗျားဘယ်လိုဖြစ်လဲဗျာ
အသက်တွေလဲငယ်တော့တာမဟုတ်ဘူး
သိပ်ပြီး အရူးထမနေနဲ့...ထိုသို့ပြောတော့ ချစ်ရသူပြောတာလေးကပန်းနဲ့ပေါက်သည့်အလား
နားထဲကိုပျားရေလောင်းချသည့်အလား
မွှေးပျံ့ ချိုမြိန်နေလျက်ပင်...ရိုဟန် / ဘာဖြစ်လဲကွာ အချစ်ဟူသည် အိုသည်မရှိတဲ့...
အဲ့တော့ အသက်ကြီးတာငယ်တာ ပဒဏမဟုတ်တော့ပါဘူး
အချစ်ရဲ့...လင်းရောင်စဥ်လဲ ထိုလူကြီးအား မနိုင်ဘူးဟူသော
အကြည့်ဖြင့်ကြည့်ကာ သက်ပြင်းချလျက် တဖက်ကိုလှည့်သွားလေသည်။ထိုအခါမှ ခါးနားကိုဖက်တွယ်လာသူ ထိုလူကြီးက
ရိုဟန် / လွမ်းနေခဲ့တာ အချစ်ရဲ့...
ကိုကို ဒီ၁လလုံး စားမဝင်အိပ်မပျော်ခဲ့ဘူး အချစ်သိရဲ့လား...ထိုသို့ခပ်ချွဲချွဲပြောလာသော လူကြီးကြောင့်
လင်းရောင်စဥ် သနားလဲ သနားမိပါသည်။
လွန်ခဲ့တဲ့ ၁၀နှစ်ထဲက ထိုလူကြီးမှာ မိမိဆိုးသမျှ အော်သမျှ
ငေါက်သမျှကို တစ်ချက် မငြီးပဲ အလိုလိုက်ခဲ့တာပင်...
မိမိရဲ့ အနိုင်ကျင့်မှု့တွေကို အလူးလူးအလဲလဲခံခဲ့တဲ့ ထိုလူကြီးကို လင်းရောင်စဥ်အချစ်လဲပိုရပါသည်။
တကယ်ပါ တစ်ခါတစ်ခါ ကလေးဆန်တက်သလို
တစ်ခါခါကြတော့လဲ သူမဟုတ်သည့်အတိုင်း ထွေးပွေ့တက်တဲ့
ကလေးမကျ လူကြီးမကျ သူကြီး...
တစ်ခါတစ်ခါကြတော့လဲ စကားလုံးအနုအယွလေးတွေနဲ့ ယခုကဲ့သို့ ချွဲနွဲ့ကာချုပ်တက်ပြန်ပါသည်။တကယ်ပါ ထိုလူကြီးက ပညာပေါင်းစုံတက်ပါသည်။
မသိရင် အချစ်သင်တန်းဆင်းလက်မှတ်ကို ထူးထူးချွန်ချွန်ရထားသလားမှတ်ရသည်အထိ ထိုလူကြီးက အချစ်သင်ခန်းစားများကို ပိုင်နိုင်လေသည်။သူစိတ်ဆိုးရင်လဲ နောက်က တကောက်ကောက်လိုက်ကာ
ချော့တက်သလို သူဆူရင်လဲ ငြိမ်ခံနေတက်ပြန်ပါသည်။
ဘာလို့ အမြဲငြိမ်ခံနေတာလဲမေးပြန်တော့
ထားခဲ့မှာကြောက်လို့တဲ့လေ သိပ်ကိုရီရတဲ့ လူကြီး...
YOU ARE READING
အသက်တမျှ အသက္တမွ်