အသက်တမျှ အပိုင်း ၇

265 11 0
                                    


လင်းရောင်စဥ် / သူ့ကိုယ်သူ ကော်ဖီဆိုင်ရောက်နေတယ်များထင်နေလားမသိဘူး
လူကိုများ ကော်ဖီအဖျော်ဆရာထင်နေလားပဲ
( ဟိတ် ကော်ဖီလေးလုပ်ပါဦး
ကော်ဖီနောက်တစ်ခွက်လောက်နဲ့)
ကြည့်ထား ဆားတွေကိုထည့်ဖျော်ပြစ်မယ် ဟွန့်
အလကား ကော်ဖီမမြင်ဘူးတဲ့လူကြီး

ထိုအရာကတော့ မင်းမဟာရဲ့အတွင်းရေးမှူးလေး လင်းရောင်စဥ်မှ မစ္စတာရိုဟန်ရောဘတ်ကို မေတ္တာများပိုသနေခြင်းပင်ဖြစ်ပါသည်။

ရိုဟန် / ဟိတ် ဘာတွေပွစိပွစိ ရွတ်နေတာလဲကွ...

လင်းရောင်စဥ် / ဟို ဘာမှရွတ်ပါဘူး ဟီးးး
ဒီ ဒီမှာ ကော်ဖီရပါပြီဗျ

ရိုဟန် / အင်း သောက်လိုက်

လင်းရောင်စဥ် / ဗျာ!!!

ရိုဟန် / ဘာဗျာလဲ သောက်လိုက်လေ ငါကမင်းအလုပ်ပင်ပန်းနေပုံပေါက်လို့ မင်းအတွက်ဖျော်ခိုင်းလိုက်တာ သောက်လိုက်

လင်းရောင်စဥ် / နေ နေပါစေတော့ ကျွန်တော်မသောက်တော့ဘူး

ရိုဟန် / ကျစ် သောက်ဆိုသောက်လိုက်တာ မဟုတ်ဘူး
ဘာလဲ မင်းကအဆိပ်ထည့်ထားလို့လား အဲ့ကော်ဖီထဲကို

လင်းရောင်စဥ် / မဟုတ်ပါဘူး ...

ရိုဟန် / ဒါဆို သောက်လေ

လင်းရော်စဥ် / ဟုတ် ဟုတ်ကဲ့

ရိုဟန် / ဒီလိုမှပေါ့

ထိုနေ့ကတော့ ကော်ဖီငန်ငန်လေးတစ်ခွက်ကို
လင်းရောင်စဥ်တစ်ယောက် အံကြိတ်ကာ သောက်ခဲ့ရလေသည်။

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

ရိုဟန်လဲ မင်းမဟာကိုပြောစရာရှိတာပြောပြီး ပြန်မယ်လုပ်ပြီးမှ ခုနကကော်ဖီဖျော်ခိုင်းလို့ဖြစ်သွားတဲ့ မျက်နှာပိုင်ရှင်လေးကို
ထပ် စ ချင်တာကြောင့် ကော်ဖီအဖျော်စင်တာပဲလျှောက်ခဲ့လိုက်လေသည်။
သူအနောက်မှာရောက်လို့ရောက်နေမှန်းမသိပဲ သူပြောချင်ရာပြောပြီး ကော်ဖီထဲဆားတွေထည့်ကာဖျော်နေတာကြောင့် အနောက်ကနေ အသံပေးပြီး စလိုက်တော့၏။
သူ့အသံကြားမှ တုန်တက်သွားတဲ့ ကျောပြင်လေးက မဟုတ်တာ လုပ်နေမှန်း သိသာလွန်းနေခဲ့လေသည်။

အသက်တမျှ အသက္တမွ် Where stories live. Discover now