အသက်တမျှ အပိုင်း ၄၃

252 9 0
                                    


မဟာတို့ ကားလေး အိမ်ထဲဝင်လာတော့
အိမ်ပေါက်ဝမှာ စီးကြိုနေတဲ့ ကလေးငယ်ကြောင့်
မဟာ စိတ်အေးသွားရသည်။
တမနက်လုံး ထိုကလေးအကြောင်း ပဲ
ခေါင်းထဲရောက်နေခဲ့တာပဲမဟုတ်လား
အများကြီး နေမကောင်းဖြစ်မယ်ထင်ပြီး
စိတ်ပူနေခဲ့ရတာပဲလေ
အခုကြည့်တော့ ဘာမှမဖြစ်သလိုပဲမို့
နည်းနည်းစိတ်အေးသွားရသည်။

အိမ်ထဲကို ကားဝင်လာပြီးထဲက
မိမိကို ခေါင်းအစ ခြေအဆုံးကြည့်နေတဲ့ မောင့်ကြောင့်
နေ​သော်က ရှက်စိတ်ပိုမိကာ ခေါင်းငုံထားမိသည်။

လင်းရောင်စဥ် / အဟမ်းအဟမ်း...

လင်းရောင်စဥ်ရဲ့ ချောင်းဟန့်သံကြားမှ
မဟာတို့ နှစ်ယောက်​လဲ အသိဝင်ကာ
ဧည့်ခန်းမှာဝင်ထိုင်ရင်း အမောဖြေနေကြသည်။
နေသော်က ကတော့ သူတို့အတွက်
အအေး သွားဖျော်မယ်ဟု ပြောကာ မီးဖိုခန်းထဲ ဝင်သွားတော့သည်။

လင်းရောင်စဥ်ကတော့ အပေါ်ထပ် တက်သွားပြီး
ရိုဟန်နဲ့ မဟာကတော့ ဧည့်ခန်း၌ပင်ထိုင်နေဆဲ...

ခဏအကြာ အိမ်ထဲကို ကားဝင်လာသံကြားတာမို့
အားလုံးရဲ့ အကြည့်တွေကာ ဧည့်ခန်းပေါက်ဝဆီမှာသာ...
ထိုအခါ ဝင်လာသူက ဝဏ္ဏ

ဝဏ္ဏ / bossရိုဟန် bossမဟာ ဒီမှာ ကားသော့ပါ
ပြီးတော့ ဒါက တိုက်ခန်းသော့ ဘယ်လိုမှတော့ မထင်ပါနဲ့
ကျွန်တော် အလုပ်ထွက်မလိုပါ

ရိုဟန် / ဘာ...ဝဏ္ဏ မင်းဘာဖြစ်လာတာလဲ

မဟာ / ကောင်းပြီ အလုပ်ထွက်ချင်တယ်ဆိုလဲ သဘောပါ
ဒါပေမဲ့ အချိန်မရွေးပြန်လာခဲ့ ခဏတဖြုတ်
စိတ်ပြေလက်ပျောက်ခရီးထွက်ချင် ထွက်ပေါ့

ရိုဟန်က မဟာ့ကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်တော့
မဟာက မသိမသာ ခေါင်းယမ်းပြလာသည်မို့
ရိုဟန် ငြိမ်နေလိုက်သည်။

ဝဏ္ဏ / bossတို့ကို ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ ပြန် လာဖို့တော့ မသေချာတော့ပါဘူး ဒါဆို ခွင့်ပြုပါဦး

ဝဏ္ဏ ထွက်သွားမည်အပြု

မဟာ / ရော့...

စားပွဲပေါ် တင်လိုက်တဲ့ စာအိတ် နှစ်အိတ်

အသက်တမျှ အသက္တမွ် Where stories live. Discover now