အသက်တမျှ အပိုင်း ၂၇

1.6K 36 0
                                        

ဒီနေ့ကတော့ မြင့်မိုရ်နဲ့ လွင်မင်းဦးတို့ရဲ့
မင်္ဂလာပွဲနေ့လေးပဲဖြစ်ပါတယ်...

နိုင်ငံရဲ့ စီးပွားရေး တော်တော်များများကို လက်ဝါးကြီး အုပ်ထားနိုင်တဲ့ လူမျိုးရဲ့ မင်္ဂလာပွဲဆိုတော့လဲ လိင်တူပဲ လက်ထပ်လက်ထပ်
လိင်ခွဲပဲ လက်ထပ်လက်ထပ် လာဖားတဲ့သူတွေကလဲ အများသားလား

ဒီလိုဆိုပြန်တော့ မင်္ဂလာပွဲက စည်ကားသိုက်မြိုက်တယ် ဆိုပါတော့...

သို့ပေမဲ့ အားလုံးထဲမှာမှ မြင့်မိုရ်မျှော်နေသူကတော့ ဖိလစ်ဆိုသူကိုပင်.....

🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻🤝🏻

ရိုဟန် / မဟာ မင်းတကယ်ပဲ လူလုံးထွက်ပြတော့မှာလား
ငါတို့ အစီအစဥ်က အဲ့လိုမဟုတ်ဘူးလေ ကွာ စိတ်စောမနေပါနဲ့

မင်းမဟာလဲ မြင့်မိုရ်တို့ လက်ထပ်ပွဲသွားဖို့ပြင်ဆင်နေရင်း

မင်းမဟာ / စိတ်စောနေတာမဟုတ်ဘူးကွ မြင့်မိုရ် အခု လက်ထပ်မှာက သော်ကနဲ့မဟုတ်ဘူး လွင်မင်းဦးနဲ့ ဒီကြားထဲ သော်က ဘာတွေ ဖြစ်နေတယ်ဆိုတာ ငါသိရမှဖြစ်တော့မယ်...

မင်းမဟာ အံကြိတ်လျက် မြင့်မိုရ်ကို ဒေါသထွက်နေလေသည်။

မင်းမဟာ / *မင်းကို ချစ်လွန်းလို့ ငါ့အ​​ပေါ်ကိုတောင် လိမ်ညာခဲ့တဲ့ ကလေးကို မင်းဘာလုပ်လိုက်တာလဲ မြင့်မိုရ်.....*

💘💘💘💘💘💘💘💘💘💘💘💘💘💘💘💘

ဝဏ္ဏ / ကိုယ်ဒီနေ့ နေ့လည်စာကို အပြင်မှာ လိုက်ကျွေးမယ်
အဲ့တာ ကိုယ်ပြန်မလာခင် ပြင်ဆင်ထားနော် သိပ်မကြာဘူး
အစည်းအဝေးပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်.....

နေသော်က / ဟုတ်အကို ဂရုစိုက်သွားနော်

ဝဏ္ဏ / အင်း တစ်ခုခုဆို ဖုန်းဆက်နော်

နေသော်က / ဟုတ်ကဲ့...

ဝဏ္ဏ ကားလေးထွက်သွားပြီး နေသော်ကလဲ
တိုက်ခန်းဆီပြန်သွားကာ အခန်းတံခါးသေချာပိတ်ပြီး လုပ်စရာရှိတာ လုပ်နေလိုက်တော့သည်။

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

ဝဏ္ဏ ကုမ္ပဏီရောက်တော့ သိပ်မကြာလိုက်
အစည်းအဝေး စတော့သည်။
ထိုအစည်းအဝေး၌ မင်းမဟာကို မတွေ့၍
ဝဏ္ဏစိတ်ထဲ တမျိုးဖြစ်သွားပေမဲ့ ပုံမှန်အတိုင်းပဲ နေလိုက်ပါသည်။

အသက်တမျှ အသက္တမွ် Where stories live. Discover now