အသက်တမျှ အပိုင်း ၁၀

280 14 2
                                    

မင်းမဟာ ၊ ရိုဟန် နဲ့ လင်းရောင်စဥ်တို့ အစည်းအဝေးခန်းထဲဝင်လာကြတော့ ခုနကဆူညံနေသော ခန်းမကြီးသည် ပကတိတိတ်ဆိတ်လျက်...

မင်းမဟာရဲ့ နီရဲနေတဲ့ မျက်လုံးတွေဟာ စိတ်တိုလို့လား ငိုထားလို့လားဆိုတာ ကာယံကံရှင်သာသိမည်...
မင်းမဟာလဲ ခန်းမထဲ တစ်စုံတစ်ယောက်ကို ရှာကြည့်ပေမဲ့ မတွေ့
စိတ်ထဲမှာ ထိတ်သွားပေမဲ့ မြင့်မိုရ်နဲ့ လွင်မင်းဦးမျက်နှာကတော့ မှိုရထားသလို ပြုံးနေတာမို့ စိတ်ကသိကအောက်နိုင်လွန်းလှသည်။

တိတ်ဆိတ်မှု့ကိုဖြိုခွင်လိုက်သူမှာ မင်းမဟာပင်

မင်းမဟာ / ကဲ အခုအစည်းအဝေးက ဘာအထွေအထူးကိစ္စရှိလို့လဲ

မင်းမဟာ သိသိလျက်နဲ့ပင်မေးမိလိုက်သည်။

ထိုအခါ မြင့်မိုရ်က မက်တက်ထရပ်ကာ

မြင့်မိုရ် / ကျွန်တော်အခုပြောမှာကတော့
ဟောဒီက မင်းမဟာကုမ္ပဏီပိုင်တဲ့ ဦးမင်းမဟာရဲ့
ရှယ်ယာအားလုံးကို ကျွန်တော့်နာမည်နဲ့လွှဲပြောင်းယူလိုက်ကြောင်းကို ကြော်ငြာချင်တာပါပဲ

ထိုအခါ မျက်နှာသိသိသာသာပျက်သွားသူက လွင်မင်းဦးပင်
သို့ပေမဲ့ ဘာမှထ မပြောပဲ ဆက်နားထောင်နေဆဲ

ရှယ်ယာရှင် တစ်ဦး / ဒီကိစ္စက အမှန်ပဲလား ဦးမင်းမဟာ ဘယ်လိုဖြစ်လို့ ကျွန်တော်တို့ကိုတောင် မတိုင်ပင်ပဲရုတ်တရက်ကြီး ရှယ်ယာလွှဲပြောင်းပေးလိုက်ရတာလဲ

မင်းမဟာ / ကျွန်တော်က ရှယ်ယာလွှဲပြောင်းပေးပါတယ်လို့ ဘာသက်သေနဲ့လာပြောနေတာလဲ

မင်းမဟာ ထိုသို့ပြောတော့ မြင့်မိုရ်က ဖိုင်တွဲတစ်ချို့ယူလာကာ မင်းမဟာရဲ့ အတွေးရေးမှူးလင်းရောင်စဥ်အားလက်ကမ်းပေးလိုက်လေတော့...ထို့နောက်ကမ်းပေးလာသောဖိုင်တွဲကို
မင်းမဟာ ဖွင့်ကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်လေသည်။

မင်းမဟာ / ဒါကဘာလဲဗျ ဟမ် စာချုပ်ကအတုလဲဖြစ်နိုင်တာပဲ
ကျွန်တော့်လက်မှတ်ကလဲ အတုထိုးလို့ရနေတာပဲ
ဒီစာချုပ်လေးတစ်ခုပြရုံနဲ့ ဒီကုမ္ပဏီတစ်ခုလုံးကိုခဗျားမပိုင်သွားနိုင်ဘူးနော် ဦးမြင့်မိုရ်...

အသက်တမျှ အသက္တမွ် Where stories live. Discover now