အသက်တမျှ အပိုင်း ၅၀

2.1K 37 0
                                        

တစ်လကြာပြီးနောက်

အက်စ်ဆမ်း မြန်မာပြည်ကို ပြန်ရောက်လာရလေပြီ
အကြောင်းက မဟာ့ မင်္ဂလာပွဲကြောင့်ပေါ့
သူ့ကိုလာကြိုမဲ့သူက
တစ်စုံတစ်ယောက်ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့
မဟာနဲ့ နေသော်ကသာဖြစ်လို့နေသည်။
အိမ်ပြန်ရောက်တော့လဲ ဘာရယ်မဟုတ်
ထိုကောင်လေးကို ရှာနေမိသည်။
သိူ့သော် မတွေ့...

အက်စ်ဆမ်း / အိမ်က တိတ်ဆိတ်နေသလားလိူ့

မဟာ / အဟက် လူမစုံသေးလိူ့ပါ

အက်စ်ဆမ်း လိုချင်တဲ့အဖြေမဟုတ်တာမို့ နည်းနည်းတော့ ဘဝင်မကျ

အက်စ်ဆမ်း / မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေကြတာလား

မဟာ / အင်း ဆိုပါတော့ ရိုဟန်နဲ့ လင်းရောင်စဥ်က ကုမ္ပဏီတဖက်နဲ့မို့ ညမှအေးဆေးတွေ့ရမှာ

အက်စ်ဆမ်း / အင်း အဆင်ပြေပါတယ်
ဒါနဲ့.....

မဟာက အက်စ်ဆမ်းဆက်ပြောမဲ့စကားကို
စိတ်ဝင်တစားနားထောင်နေပေမဲ့

အက်စ်ဆမ်း / ထားလိုက်ပါတော့...

မဟာလဲ သက်ပြင်းချကာ မသိသလိုနေပေးလိုက်တော့သည်။
အက်စ်ဆမ်း ဘာမေးချင်နေလဲ သိပေမဲ့
သူ့မှာလဲ ဖြေစရာမရှိတာကြောင့်
ဆက်ပြောဖို့မတိုက်တွန်းမိခြင်း
သူတို့စကားဝိုင်းလေးက တိတ်ဆိတ်သွားပြန်သည်။

ခဏအကြာ

နေသော်က / နေ့လည်စာ စားလို့ရပြီနော်...
မောင် ရော အကိုအက်စ်ဆမ်းရော

မဟာ / အင်း အက်စ် ရေချိုးဦးမလား

အက်စ်ဆမ်း / ရတယ် ခရီးလဲ သိပ်မပန်းဘူးဆိုတော့
ကိုယ်လက်သန့်ဇင်ပြီး ဆင်းခဲ့မယ်

မဟာ / အင်း

ထို့နောက် အက်စ်ဆမ်းက အပေါ်ထပ်တက်သွားသည်။
မဟာက နေသော်ကနဲ့အတူ ထမင်းပွဲပြင်ပေးရန်
ထမင်းစားခန်းထဲသို့လိုက်သွား၏။

နေသော်က / မောင် အကိုအက်စ်က မျက်နှာမကောင်းသလိုပဲနော်
​မဟုတ်မှ မောင်နဲ့ငါ့ကြောင့်များ.....

မဟာ/ မဟုတ်ပါဘူး လျောက်တွေးမနေနဲ့ မောင်တို့ကြောင့်မဟုတ်ဘူး

အသက်တမျှ အသက္တမွ် Tempat cerita menjadi hidup. Temukan sekarang